Part -5(U&Z)

274 42 0
                                        

Unicode

စာဆိုတဲ့အရာကဘယ်တုန်းကမှ Jong Inအတွက်ကောင်းကျိုးပေးတဲ့အရာမျိုးမဟုတ်ဘူး....ဒါပေမယ့်ဒီတခါတော့ စာက Jong Inကိုသွယ်ဝိုက်တဲ့နည်းနဲ့ကောင်းကျိုးပေးနေတယ်.....

ရပ်နေတာကြာပြီးဖစ်လို့ ဆိုင်ကယ်လေးကိုပြန်ပြောင်းမှီလိုက်ရင်း မျက်လုံးတစုံကတော့စူးစိုက်ကြည့်နေတဲ့နေရာကမခွာမှီသေးပါ....

မနက်ခင်းရဲ့နေခြည်တေကဘယ်လောက်နွေးမှန်း...လေထုလေးကဘယ်လောက်ထိလတ်ဆက်မှန်းကို Jong Inသိအောင်ပြပေးခဲ့တဲ့ ကောင်လေး Jong Inကိုခုလို စောစောစီးစီး ချမ်းချမ်းအေးအေးမှာသူများအိမ်ရှေ့ရောက်နေနိုင်အောင်ဆွဲဆောင်နိုင်တဲ့ကောင်လေးကတော့သူစူးစိုက်ကြည့်နေတဲ့နေရာမှာ...

တနည်းအားဖြင့်ပြောရရင်ဝရံတာမှာစာကြည့်နေတာပါ....မျက်နှာရှေကိုကျလာတဲ့ဆံပင်လေးတေကိုသတ်တင်လိုက်တော့ အရင်ကအမြဲဦးထုတ်နဲ့ကွယ်ထားတက်တဲ့မျက်နှာလေးကရှင်းရှင်းလေးပေါ်လာလေသည်။

ခပ်ထူထူမျက်ခုံးလေး စင်းနေတဲ့နှာတံလေး ပါးပါလျလျ နှုတ်ခမ်းတစုံက ပန်းရောင်သန်းနေတာကိုလျှာလေးနဲ့သပ်လိုက်တော့ Jong Inငေးနေရင်း အာခေါင်တေခြောက်လာရပြီး တံတွေးတချက်မျိုချလိုက်ရတယ်....

ဝရံတာမှစာလုပ်နေတဲ့သူကတော့ တလောကလုံးနဲ့အဆက်အသွယ်ပျက်နေသလားပဲ သချာင်္တွက်နေတာထင်ရဲ့ မျက်ခုံးလေးတေတွန့်ချိုးစဉ်းစားလိုက် တခါတခါ နှုတ်ခမ်းလေးဆူပြီးစဉ်းစားလိုက်နဲ့....တခါတလေ လက်တေကိုချိုးပြီးရေတွက်နေသေးတာ....

Oh Sehunရဲ့လှုပ်ရှားမှုအားလုံးကို မျက်တောင်ခတ်ချိန်လေးသာ အလွတ်ပေးပြီးငေးနေတဲ့ Jong Inကိုလမ်းသွားလမ်းလာတချို့ကလဲကွက်ကြည့်ကွက်ကြည့်တောင်မကြည့်ရဲပါ....Jong Inအကြောင့်သိပြီးသားပဲလေ....
.
.
.
.
.
.
Sehunသချာင်္ဉာဏ်စမ်းကိုဖြေရှင်းနေရင်း စာထဲကိုစိတ်ရောက်သွားပြီး ပတ်ဝန်းကျင်ကိုမေ့သွားကာ အဖြေထွက်လာမှ ပျော်သွားပြီး ထိုင်ရတာကြာလို့ညောင်းနေပြီးဖစ်တဲ့ ခန္ဓာကိုယ်ကို ကို အကြောဆန့်အညောင်းဖြေလိုက်တုန်း

လမ်းပေါ်ကိုငေးကြည့်လိုက်မိတော့ ဆိုင်ကယ်ကိုမှီရပ်ရင်း သူ့အိမ်ပေါ်ကို သေချာကြီးစိုက်ကြည့်နေတဲ့ Kim Jong Inကြောင့်လန့်သွားရသည်။

Kim Jong In (B-2)Tahanan ng mga kuwento. Tumuklas ngayon