Part-16

219 36 0
                                        

Unicode

လေထဲမှာတလွင့်လွင့်နဲ့ ဖြစ်နေတဲ့ ဆံပင်တွေကိုလက်တစ်ဖတ်နဲ့သပ်လိုက်ပြီး ကျန်လက်တဖတ်ကတော့ ရှေ့က Kim Jong In shiရဲ့ခါးကိုသေချာမြဲနေအောင် ဖတ်ထားမိသည်။

ဆိုင်ကယ်က အရိုန်နဲ့မောင်းနေတာကြောင့် တခါမှလဲမစီးဘူး၍စီးရသည်မှာ မိုက်တယ်ပြောရမလားပဲ ဆိုင်ကယ် Body ကနောက်မြင့်နေတာကြောင့် ခါးကိုင်းကားမောင်းနေတဲ့ ရှေ့ကသူ့ကိုကျွန်တော်လဲခါးကိုင်းကာဖတ်ထားရလေသည်။

ရှေ့ကိုလဲအနည်းငယ်လျောကျပြီးရောက်နေတာကြောင့် ခန္ဓာကိုယ်ချင်းကြလဲပူးကပ်နေတာပဲ...အဲ့ဒါတခုပဲသိပ်အဆင်မပြေတာပါ ကျန်တာကတော့စီးရတာရော လေတွေတိုးနေတာရော အကုန်မိုက်နေရောပဲ....

ဘေးက လယ်ကွက်ရှုခင်းတွေကလဲစိမ်းစိမ်းစိုစိုနဲ့တကယ်ကြည့်လို့ကောင်းတာကြောင့် ငေးနေရင်း သူလိုဆိုင်ကယ်ကိုယ်တိုင်မောင်းတက်ချင်လိုက်တာဆိုတဲ့အတွေးဝင်လာပြီး တွေးရင်းငေးနေမိတယ်.....

"Sehun အိပ်ငိုက်နေတာလား....!"

Jong Inသူ့နောက်ကပါလာတဲ့ အချစ်ကငြိမ်နေတာကြောင့် အနောက်ကိုအသာလှည့်ရင်းလှမ်းမေးလိုက်တော့သည်။

"မငိုက်ပါဘူး...."

အချစ်က သူ့အသံကို မကြားရမှာဆိုးလို့ထင်တယ် နား နားကိုကပ်ကာ ပြောလိုက်တော့ လေငွေ့နွေးနွေးလေးက မျက်နှာနဲ့ နားကိုရိုက်ခပ်သွားတာကြောင့် ပြုံးလိုက်မိတယ်.....

"အဲ့ဒါဆိုသေချာဖတ်ထားလေ...."

Jong In shiကပြောလဲပြောရင်း သူ့လက်တဖတ်နဲ့ အငေလွန်းရင်း လျော့ရဲသွားတဲ့ကျွန်တော့်လက်တစ်စုံကိုသူ့ခါးထက်မှာသေချာနေရာချပေးလိုက်လေသည်။

သူကဆွဲကပ်လိုက်တော့ ခန္ဓာကိုယ်ကလဲပိုကပ်သွားကာ မျက်နှာကလဲသူ့ကျောနဲ့ပြန်ကပ်သွားတာကြောင့် ကျွန်တော်လဲ ခေါင်းကိုတဖတ်စောင်းရင်း သူ့ကျောပေါ်ကို ပါးတစ်ဖတ်အပ်မှီကာလိုက်လာခဲ့လိုက်လေတော့သည်။

"Sehun....! Sehun...."

နားထဲကရင်းနှီးတဲ့ခေါ်သံတခုကြောင့် အိပ်ပျော်သွားတဲ့ကျွန်တော်နိုးလာခဲ့တော့မှာ မျက်လုံးတစ်စုံကိုဖွင့်ကြည့်လိုက်ရင်း ပတ်ဝန်းကျင်ကိုကြောင်စီစီလေးငေးနေမိတယ်....

Kim Jong In (B-2)Donde viven las historias. Descúbrelo ahora