Part-1(U+Z)

435 42 0
                                        

Unicode

"အကိုလေး...အကိုလေး....ထချိန်တန်ပါပြီး ထပါတော့...အကိုလေး...."

တံခါးပေါက်ကို တဒေါက်ဒေါက်ခေါက်ရင်း အိမ်တော်ထိန်း မင် ကလှမ်းနိုးနေပေမယ့်.....

အခန်းတွင်းကKing sizeကုတင် အနီရောင်ပေါ်က Sexy skin ရွှေညိုရောင်သန်းနေတဲ့ အသားအရည်နဲ့ကောင်လေးကတော့ လှုပ်ကို မလာသေးပါ.....

တံခါးက လော့ချထားလား မထားလား မသိပေမယ့် လက်ကိုင်ဘုကိုယောင်လို့တောင်မလှည့်ရဲတဲ့ အိမ်တော်ထိန်းကြီး ကတော့ တံခါးကိုသာတဒေါက်ဒေါက် ဖိခေါက်နေရလေသည်။

သူ့ခွင့်ပြုချက်မရ ရင် တံခါးလက်ကိုင်ဘုတောင်ကိုင်ခွင့်မပေးတဲ့ မြို့တော်ဝန်ရဲ့ သားငယ် Kim Jonginကတော့ တံခါးခေါက်သံကိုကြာလာတော့ နားမခံနိုင်တော့တာကြောင့်....

"ဗုန်း....."

အိပ်ချင်မူးတူးနဲ့ လက်နဲ့စမ်းမိတဲ့ ခေါင်းအုံးနဲ့ တံခါးကိုမှန်းထုလိုက်ကာ......

"အားးရှီး...ချီး လိုပဲ....နားတေပူတာကွာ...."

ပြောရင်းနိုးလာကာ ခေါင်းပေါ်က ဖွပြီးကျစ်ထားတဲ့ဆံပင်တေကြားလက်နှိုက်လိုက်ကာ အိပ်ယာဘေးက ဖုန်းကိုကောက်ကိုင်လိုက်ပြီး နံပါတ် 3ကိုနိုပ်လိုက်ကာ.....တဖတ်ကဖုန်းဝင်တာနဲ့ချက်ချင်းကိုင်လိုက်တော့....

"အေး...အဲ့ အိမ်တော်ထိန်း တံခါးခေါက်နေတာရပ်မလား ငါ သူ့လက်ကိုလာဖြတ်ပေးရမလားလို့ မေး လိုက်...."

ပြောပြီးဖုန်းကို ဆောင့်အောင့် ချလိုက်ကာ ဆက်အိပ်ဖို့ပြင်လေတော့သည်။

ဖုန်းချပြီး မိနစ်ပိုင်းတောင်မကြာလိုက်ခင်မှာပဲ ခေါက်နေတဲ့ တံခါးသံရပ်တန့်သွားသလို အခန်း ထဲမှာလဲ အသက်ရူသံမှန်မှန်လေးနဲ့ နာရီလက်သံတချက်ချက်ကသာလွမ်းမိုးနေလေတော့သည်။

အကူကောင်မလေးက အလောတကြီးလာပြောတော့မှတံခါးခေါက်နေတာကိုချက်ချင်း ရပ်လိုက်ပြီး...အောက်ထပ်က ထမင်းစားခန်းကိုသာအဆူခံရဖို့ အသင့်ပြင်ရင်း ဆင်းခဲ့လိုက်တော့သည်။

"မထဘူးလာ အဲ့ကောင်လေးက ဘာသဘောလဲ သူ့အဖေ ကမနက်စာ စားဖို့စောင့်နေတာကို....ညတေလဲအိမ်ပြန်ချိန်တေနောက်ကျတယ်ဆို....."

Kim Jong In (B-2)Where stories live. Discover now