𝑬𝒑-1

2.1K 65 4
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ဒီနေ့ကျွန်‌တော့်ချစ်သူဆုံးတာနှစ်၂၀ပြည့်တဲ့နေ့ပေါ့။ကျွန်‌တော်နှစ်တိုင်းPeteအုတ်ဂူ‌‌လေးဆီလာနေကျပင်။အလုပ်တွေရှိနေရင်တောင်ဖျက်ပြီးတော့Peteဆီမ‌ရောက်ရောက်အောင်ကျွန်တော်လာသည်။ပြောရမယ်ဆိုရင်အခုချိန်ထိကျွန်တော်သူ့ကိုမမေ့နိုင်သေးဘူး။သူကျွန်တော့်ကိုလိမ်ခဲ့တယ်။သူပြောနေကျစကားလေးက'Perthရဲ့အနားမှာPeteကနှစ်တွေကြာတဲ့အထိတစ်သက်လုံးနေမှာ'တဲ့။အဲ့စကားကိုတည်အောင်မလုပ်ခဲ့ဘူး။Peteကျွန်တော့်ကို တစ်ယောက်တည်းအထီးကျန်အောင်ထားခဲ့တယ်။ကျွန်တော့်Peteနောက်ကိုလိုက်သွားဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသေးတယ်။ဒါပေမယ့်ကျွန်တော်မသေခဲ့ဘူး။

ကျွန်တော်Peteရဲ့အုတ်ဂူလေးကိုတွေဝေစွာငေးကြည့်နေမိသည်။

"Peteဘယ်ဘဝရောက်နေပြီလဲကွာ ကိုယ်ကတော့Peteကိုတစ်ရက်မှမေ့မရခဲ့ဘူး Peteကိုယ့်ဆီပြန်လာမယ်မှတ်လားဟင် Peteသိရဲ့လားPerthဆိုတဲ့သူကလေ ဘယ်လောက်ပဲချမ်းသာနေပါစေ Peteမရှိရင်ပြည့်စုံမှာမဟုတ်ဘူးPeteရဲ့ တခါတလေကျရင်Peteကိုရူးမတက်လွမ်းလွန်းလို့ သေချင်စိတ်တွေဖြစ်မိတယ် ဘာလို့ကိုယ့်ကိုပြောခဲ့တဲ့စကားကိုမတည်ခဲ့ရဝာာလဲဟင်"ပြောရင်းနဲ့မျက်ရည်တွေကတွေတွေစီးကျလာသည်။ကောင်းကင်ကြီးကလည်း ကျွန်တော့်ကိုအဖော်ပြုပေးချင်လို့ထင်မှာသည် မှောင်မှိုင်းကာမိုးပေါက်လေးတွေကျဆင်းလာသည်။ဒါပေမယ့်မိုးပေါက်တို့ကကျွန်တော့်ကိုယ်ပေါ်ကျမလာပါ။

"သူဌေးကျွန်တော်တို့ပြန်ကြရအောင်လေ မိုး‌ပေါက်တွေကျနေပြီ မကြာခင်မိုးသည်းလာတော့မယ်ထင်တယ်"

ကျွန်တော့်ကိုပြောလည်းပြော ထီးလည်းမိုးပေးထားတဲ့ ကျွန်တော့်ရဲ့အတွင်းရေးမှူးပင်။

"Jooမင်းကငါ့အကြောင်းကိုသိတဲ့သူနှစ်ယောက်ထဲကတစ်ယောက်ပေါ့ မိုးသည်းတာကငါ့ရင်ထဲကခံစားချက်လောက်ပြင်းထန်မယ်လို့မင်းထင်လား"

"သူဌေးခံစားချက်ကိုကျွန်တော်နားလည်ပါတယ် ဒါပေမယ့်သူဌေးဖွင့်ထားတဲ့လုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့ကိတ်မုန့်တိုက်က Peteကိုရည်ရွယ်ပြီးဖွင့်ထားတာမဟုတ်လား အဲ့လုပ်ငန်းကသူဌေးမရှိတော့ရင်အသက်ဝင်မှာမဟုတ်ဘူးလေ အဲ့ဒါကြောင့်သူဌေးကျန်းမာနေမှဖြစ်မှာလေ"

More Than Love🖤❤️(Competed)Where stories live. Discover now