𝑬𝒑-10

632 46 15
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

"မင်းကိုကြည့်ရတာတွေ့ကတည်းကပြုံးစိစိနဲ့ ဘာဖြစ်နေတာလဲ"

ကျွန်တော့်ရဲ့ပြုံးစိစိမျက်နှာကြောင့် Meanကမေးတော့သည်...

"ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲ"

"မင်းကိုကြည့်ရတာကောင်လေးနဲ့ အဆင်ပြေနေတယ်နဲ့တူတယ်"

"ဆိုပါတော့"

"ကောင်းပါတယ်ကွာ ငါ့သူငယ်ချင်းအဆင်ပြေတာကိုပဲမြင်ချင်တာ မင်းရဲ့အပြုံးတွေကလေအခုမှပဲအသက်ဝင်တော့တယ်"

"မင်းသိလား ငါလေအရင်ကအစအနောက်သန်တဲ့သူမဟုတ်ဘူး ပြောရရင်ကွာငါကတည်တည်ငြိမ်ငြိမ်သမားပေါ့ကွာ"

"သိတယ်လေမင်းကရေခဲတုံးကြီးဆိုတာကို"

"အခုလေသိလား ကောင်လေးကိုတွေ့တိုင်းစချင်နေရောပဲ ငါစလိုက်လို့စိတ်ဆိုးသွားတာလေးကိုငါသိပ်သဘောကျတာ ကောင်လေးကစိတ်ဆိုးရင်သိပ်ချစ်ဖို့ကောင်းတာကွ"

"အေးပါကွာ"

"ဒါနဲ့လေ ငါတို့တွေတစ်ခေါက်လောက် အပန်းဖြေခရီးထွက်ကြရင်မကောင်းဘူးလား အလုပ်တွေနဲ့ပဲပင်ပန်းနေကြတာမဟုတ်လား ကမ်းခြေဘက်ကိုခရီးထွက်ကြမယ်လေ ဘယ်လိုလဲ"

"ငါကထွက်ချင်နေတာကြာပြီ မင်းကိုမပြောရဲလို့ ကောင်းတယ်စီစဉ်လိုက် စိတ်ပြေလက်ပျောက်ပေါ့ကွာ"

"ငါရယ်မင်းရယ် ကောင်လေးရယ်ကောင်လေးသူငယ်ချင်းရယ် ၄ယောက်သွားကြမယ်"

"ကောင်လေးရဲ့သူငယ်ချင်းကိုခေါ်မလို့လား"

"ခေါ်ရမှာပေါ့ကွ ကောင်လေးတစ်ယောက်တည်းဆို ‌ပျင်းနေမှာပေါ့ ပြီးတော့နေဦး ကောင်လေးလို့မခေါ်နဲ့ နာမည်ရှိတယ်နာမည်ပဲခေါ် ကောင်လေးကငါတစ်ယောက်တည်းခေါ်တာ"

"အေးပါကွာအဖြစ်သည်းနေလိုက်တာ"

‌ပြောလည်းပြောမျက်စောင်းလည်းလှမ်းထိုးသည်...

"ထိုးမနေနဲ့ မြန်မြန်စားပြီးသွားကြမယ် ငါအလုပ်ရှိသေးတယ်"

"အ‌မလေးသူပဲနေ့လည်စာစားရအောင် ဖုန်းလှမ်းဆက်ခေါ်ပြီးတော့"

More Than Love🖤❤️(Competed)Where stories live. Discover now