𝑬𝒑-8

636 48 26
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

စက်ဘီးစီးပြီးတာနဲ့ မှောင်စပျိုးနေပြီမို့ ကျွန်တော်တို့ပြန်လာခဲ့ကြသည်...စားသောက်ဆိုင်တစ်ခုမှာပဲညစာကိုဝင်စားလိုက်ကြသည်...

"ဘယ်လိုလဲကောင်လေး ဒီနေ့ပျော်ရဲ့လား..."

"ဟုတ်ပျော်ပါတယ် ဦးလေးကြီးကိုကျေးဇူးတင်ပါတယ်..."

ကောင်လေးစကားကြောင့်ကျွန်တော်ပြုံးမိသည်...ကောင်လေးကPeteလိုမနူးညံ့ပေမယ့် ချစ်ဖို့တော့ကောင်းသည်...

"နောက်လည်းသွားချင်တာရှိရင် ကိုယ့်ကိုပြောလေ ကိုယ်ရုံးပိတ်ရက်ဆိုလိုက်ပို့ပေးမယ်..."

"ဟုတ်"

ကျွန်တော်တို့နှစ်ယောက်စကားပြောရင်းနှင့်ပင် ပြန်လာခဲ့ကြသည်...အရင်ကထက်တော့ကောင်လေးနဲ့ပိုရင်းနှီးလာတယ်လို့ခံစားရသည်...အိမ်ရောက်တော့အခန်းထဲဝင်ဖို့လုပ်နေတဲ့ကျွန်တော့်ကို ကောင်လေးကလှမ်းတားသည်...

"ဘယ်သွားမလို့လဲ"

"အခန်းထဲဝင်မလို့လေ...ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲ ဒီနေ့ဦးလေးကြီးလုပ်ထားတာ ဦးလေးကြီးမသိဘူးလား"

'ဟိုက်...ငါသူ့ကိုဘာလုပ်မိလို့လဲ ပါးကိုင်တဲ့ကိစ္စကိုမကျေနပ်လို့လား အဲ့လိုဆိုရင်လည်း ကိုင်ကတည်းကပြောမှာပေါ့...'

"ကိုယ်ဘာလုပ်မိလို့လဲကွယ်"

"ဘာလုပ်မိလို့လဲဟုတ်လား သရဲကြောက်ပါတယ်ဆိုသရဲအိမ်ထဲဝင်တယ်လေ အခုတစ်ယောက်တည်းမအိပ်ရဲတော့ဘူး"

မျက်နှာဆူပုတ်ပုတ်နှင့်ပြောနေတဲ့ကောင်လေးကို ကျွန်တော်စချင်လာသည်...

"ကိုယ့်ကိုပြောတော့တစ်ရက်ပဲအိပ်ခွင့်ပေးမယ်ဆို ဒီနေ့ပါအိပ်ရင်၃ရက်ဖြစ်သွားမှာပေါ့ ကိုယ်ကောင်လေးကိုအခွင့်အရေးမယူချင်ပါဘူးလေ..."

"ဟာ ဦးလေးကြီးကလည်း ကျွန်တော်ခွင့်ပြုတယ်ဗျာ ဦးလေးကြီးလာမအိပ်ရင် ကျွန်တော်ဦးလေးကြီးအခန်းထဲလိုက်အိပ်မှာ မလုပ်ရဲဘူးမထင်နဲ့"

"ကောင်းပါပြီဗျာ ကိုယ်ကစလိုက်တာပါ ကဲအဝတ်အစားလဲလိုက်ဦးမယ်ပြီးရင်လာခဲ့မယ်နော် ဟုတ်ပြီလား ကလေးစုတ်လေး"

More Than Love🖤❤️(Competed)Where stories live. Discover now