𝑬𝒑-11

564 41 4
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

အိပ်မက်ထဲမှာကောင်လေးကကျွန်တော့်ကို 'ကိုကို့ကိုချစ်တယ်'လို့ တဖွဖွပြောနေတာ...အိပ်မက်ထဲမှာကျွန်တော့်မျက်နှာကြီးဆိုတာဖြီးလို့...ကျွန်တော်ထင်တာမမှားရင် အိပ်မက်ထဲတင်မကဘူး အပြင်မှာပါ ကျွန်တော့်မျက်နှာကြီးပြုံးဖြီးနေလောက်သည်...ကျွန်တော်အိပ်တဝက် နိုးတဝက်နှင့် ကျွန်တော့်ဘေးနားကိုစမ်းကြည့်တော့ဘယ်သူမှမရှိ...ကျွန်တော်ကြောင်သွားပြီးမျက်လုံးပါအော်တိုပွင့်သွားသည်...ကုတင်ပေါ်မှာကျွန်တော်ကလွဲ၍ဘယ်သူမှမရှိပါ...ကျွန်တော်ရေချိုးခန်းထဲသွားရှာတော့လည်းမတွေ့တာနဲ့ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်...

"ကောင်လေးကိုတွေ့မိလားဟင်"

အောက်ရောက်တော့အန်တီကြီးကိုတွေ့တာနဲ့ မေးလိုက်သည်...

"လူလေးကမီးဖိုချောင်ထဲမှာသူဌေး"

အန်တီကြီးပြောပြီးတာနဲ့ချက်ချင်း ကျွန်တော်မီးဖိုချောင်ခန်းထဲသို့ အမြန်သွားကြည့်မိတော့ apronအနီလေးကိုဝတ်ပြီး အလုပ်ရှုပ်နေတဲ့ ကျွန်တော့ရဲ့အိမ်ရှင်ထီးလေး...ကျွန်တော်ဖြည်းဖြည်းချင်းအနားကိုသွားလိုက်ပြီး ကောင်လေးကိုအနောက်ကနေသိုင်းဖက်လိုက်သည်...ရုတ်တရက်ဆိုတော့ကောင်လေးလန့်သွားတယ်ထင်ပါသည်...ကိုယ်လေးကသိမ့်ခနဲတုန်သွားသည်...

"ကိုကို... ဒီမှာဆီပူတွေလောင်ကုန်မယ်ကိုကိုရဲ့"

"ကိုယ်ကလေကောင်လေးကိုမတွေ့တော့ အိမ်ကနေထွက်သွားပြီထင်နေတာ"

အဲ့လိုပြောလိုက်တော့ ကျွန်တော့်ဘက်သို့လှည့်လာကာ ကျွန်တော့်ကိုကြည့်ပြီး...

"ကျွန်တော်ကဘာလို့ထွက်သွားရမှာလဲ ကိုကိုကကျွန်တော့်ကိုနှိပ်စက်နေတာမှမဟုတ်ဘဲ ဘာအကြောင်းပြချက်နဲ့ ကျွန်တော်ကဒီအိမ်ကထွက်သွားရမှာလဲ ကိုကိုရဲ့"

ကျွန်တော့်နှဖူးလေးကိုလက်လေးနဲ့တို့ပြီး ပြုံးကာပြောလေသည်...အဲ့အပြုံးလေးတွေကိုကျွန်တော်တကယ်သဘောကျသည်...အဲ့အပြုံးလေးတွေကိုကျွန်တော်ကလွဲပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှမမြင်စေချင်ဘူး...

More Than Love🖤❤️(Competed)Where stories live. Discover now