𝑬𝒑-6

584 39 23
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လုံးလုံး မနက်ခင်းကို တစ်ယောက်တည်းအထီးကျန်စွာနိုးထခဲ့ရသည်...အရင်ကဆိုPeteက ကျွန်တော်မနိုးခင် ကျွန်တော့်အခန်းထဲသို့ဝင်လာပြီး ကျွန်တော့်ဘေးမှာလှဲအိပ်ကာ အဖော်ပြုပေးသည်...ကျွန်တော်နိုးလာလို့ Peteမျက်နှာလေးကိုမြင်လိုက်ရရင် တစ်နေ့တာလုံးလန်းဆန်းနေရော...အဲ့လိုနေ့တွေပျောက်ကွယ်ခဲ့တာကြာခဲ့ပြီပေါ့လေ...ဒါပေမယ့်အခု ကျွန်တော့်ဘေးနားမှာတစုံတယောက်ရှိနေပြီ...ကျွန်တော့်ကိုဖက်ကာအိပ်မောကျနေတဲ့ ကောင်လေးပေါ့...ကျွန်တော်ခေါင်းလေးကိုငုံ့ကာကောင်လေးကိုကြည့်နေမိသည်...အခုလိုအိပ်နေတာလေးက အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်ပမာ...တကယ်တော့ကောင်လေးကလူကြီးယောင်ဆောင်ထားတဲ့ ကလေးလေးပါလေ...ကျွန်တော်ကောင်လေးကိုအချိန်ဘယ်လောက်ကြာ ကြည့်နေခဲ့သည်လဲမသိပါ...ကောင်လေးကခန္ဓာကိုယ်လေးလှုပ်လာပြီး ကျွန်တော့်ကိုမော့ကြည့်ကာမှ အသိကပ်တော့သည်...ခဏကြာတော့ ကောင်လေးကကျွန်တော့်ကိုဖက်ထားတာကို သတိထားမိသွားတယ်ထင်ပါသည်...ဖက်ထားတဲ့လက်ကလေးကိုလွှတ်လိုက်ပြီးရှက်ကိုးရှက်ကန်းလေးဖြစ်နေသည်...

"ဟို...ဦးလေးကြီးနိုးနေတာကြာပြီလား"

ကျွန်တော့်မျက်နှာကိုစမ်းကြည့်ရသေးသည်...တော်ကြာသရေတွေကျနေရင်ဒုက္ခလေ...

"မကြာသေးပါဘူး"

'တော်သေးတာပေါ့'

"အော် ဟိုမျက်နှာသစ်ရေချိုးပြီးဆင်းလာခဲ့နော် ကိုယ်အောက်မှာစောင့်နေမယ် ကောင်လေးကိုခေါ်သွားစရာရှိလို့ အိမ်မှာနေရတာလည်းပျင်းနေမှာစိုးလို့ ချိန်းထားတာရှိရင်လည်းသွားလို့ရတယ်နော်..."

ခေါ်ချင်ပေမယ့် ချိန်းထားတာတွေရှိနေမှာလည်းစိုးသည်...

"ချိန်းထားတာတော့မရှိပါဘူး ဒါနဲ့ကျွန်တော့်ကိုဘယ်ခေါ်သွားမလို့လဲ"

အူတိအူကြောင်ရုပ်ကလေးနဲ့မေးနဲ့တဲ့ ကောင်လေးကိုအသည်းယားလွန်းလို့ ပါးလေးကိုဆွဲချင်တဲ့စိတ်ကိုမနည်းထိန်းထားရသည်...

"ရောက်ရင်သိမှာပေါ့ ကောင်လေးကြိုက်မှာပါ ကဲကိုယ်လည်းရေမိုးချိုးပြင်ဆင်လိုက်ဦးမယ်နော် ကိုယ်သွားပြီ"

More Than Love🖤❤️(Competed)Where stories live. Discover now