𝑬𝒑-7

575 40 14
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

မနက်မိုးလင်းလို့ကျွန်တော်နိုးတော့ ကျွန်တော့်ဘေးမှာ ဦးလေးကြီးမရှိတော့...ကျွန်တော်မနိုးခင်ပြန်သွားတာများလားမသိဘူး...အိပ်ချင်မူးတူးနဲ့ ကုတင်ဘေးကစားပွဲလေးကိုကြည့်မိတော့ စာရွက်လေးတစ်စောင်တင်ထားသည်...

'ဒီနေ့အပြင်သွားမယ်လို့ပြောထားတယ်နော် ကောင်လေးကိုမနှိုးချင်သေးလို့ ကိုယ်အရင်ထပြီးအခန်းပြန်သွားပြီနော် အဲ့ဒါနိုးရင်ရေမိုးချိုးပြင်ဆင်ပြီးဆင်းလာခဲ့နော်'

ဟုတ်သားပဲညကပြောထားတာမေ့နေတယ်...ကျွန်တော်လည်းစာရွက်ကိုချပြီး ရေချိုးခန်းထဲသို့တန်းဝင်သွားတော့သည်...ကျွန်တော်ပြင်ဆင်ပြီထွက်လာတော့ ဦးလေးကြီးကလည်းအခန်းထဲကထွက်လာသည်...ဦးလေးကြီးကိုကြည့်မိပြီး ကျွန်တော်အံ့ဩသွားရသည်...အပေါ်ကရှပ်အင်္ကျီအနီနဲ့ အောက်ကအမဲရောင်ဘောင်းဘီတိုလေးကိုဝတ်ဆင်ထားသည်...ကျွန်တော်အမြင်များမှားလားလို့မျက်လုံးတောင်ပွတ်ယူရသည်...ဦးလေးကြီးအဲ့လိုပုံစံမျိုးဝတ်တာကျွန်တော်တစ်ခါမှမှမတွေ့ဖူးတာ...

"ဦးလေးကြီး...."

ကျွန်တော်ရဲ့အံ့ဩတဲ့အကြည့်နဲ့ 'ဦးလေးကြီး'လို့ခေါ်လိုက်တော့ သူ့ကိုယ်သူပြန်ကြည့်ပြီး...

"ဘာလို့လဲအဆင်မပြေလို့လား..."

"မဟုတ်ပါဘူး ဦးလေးကြီးအဲ့လိုဝတ်တာတစ်ခါမှမတွေ့ဖူးလို့"

"အဲ့ဒါဆိုသွားလဲလိုက်ရမလားဟင် ဟိုအလုပ်ကိစ္စမဟုတ်ဘဲသွားမှာဆိုတော့လေ အဲ့ဒါကြောင့်ဒီလိုဝတ်လိုက်တာ"

"မလဲပါနဲ့အဆင်ပြေပါတယ် ဦးလေးကြီးအခုလိုဝတ်လိုက်တော့ ကျွန်တော့်ညီကျနေတာပဲ မသိရင်ကျွန်တော်ကဦးလေးကြီးထက်အသက်ကြီးနေသလိုပဲ"

"ဟမ် အဲ့လိုဖြစ်သွားလား..."

"စတာပါဗျ"

"အဲ့ဒါဆိုသွားရအောင်လေနော်"

"ဟုတ်..."
🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️

မနက်စာကိုဆိုင်တစ်ဆိုင်မှာဝင်စားလိုက်သည်...

"ကောင်လေးဘယ်သွားချင်လဲ"

"ကစားကွင်းသွားချင်တယ်"

More Than Love🖤❤️(Competed)Where stories live. Discover now