𝑬𝒑-14(𝑭𝒊𝒏𝒂𝒍)

1K 47 12
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

အခုဆိုကျွန်တာ့်မွေးနေ့လည်းနီးလာပြီ...ကျွန်တော်နဲ့ကိုကိုလက်ထပ်တာလည်းတစ်နှစ်ပြည့်တော့မယ်...‌Planနဲ့အကိုMeanလည်းချစ်သူတွေဖြစ်နေကြပြီ...မကြာခင်သူတို့လည်းလက်ထပ်ကြတော့မည်တဲ့...ပြန်စဉ်းစားကြည့်ရင်Planတို့ကမှ အချင်းချင်းမြင်ဖူးကြ ရန်ဖြစ်ကြနဲ့ရှိသေးသည်...ကိုကိုကျွန်တော့်ကိုလက်ထပ်မယ်ပြောတော့ ကျွန်တော်ကိုကို့ကိုမြင်တောင်မမြင်ဖူးပါ...နည်း‌နည်းတော့ထူးဆန်းတယ်မဟုတ်လား...အဲ့ဒါတွေထားလိုက်ပါလေ...အခုကျွန်တော်ကိုကို့ကိုမပြောဘဲ ကိုကိုရှိရာအလုပ်သို့ထွက်လာခဲ့သည်...ဒီအတောအတွင်းမှာ ကိုကို့အလုပ်ကလူတွေအကုန်လုံးနဲ့ရင်းနှီးသွားသည်...

"အကိုလေးSaint ကိတ်မုန့်မစားတော့ဘူးလား"

"ဟီးဟီးခဏနေမှစားမယ် ကိုကို့ဆီသွားလိုက်ဦးမယ်"

ဝန်ထမ်းကောင်မလေးရဲ့အမေးကိုဖြေပြီး အကိုJooကိုတွေ့တာနဲ့ကိုကိုရှိလားလို့မေးလိုက်သည်...

"အကိုJooကိုကိုအခန်းထဲမှာရှိတယ်မဟုတ်လား"

"ဟုတ်သူဌေးအခန်းထဲမှာရှိပါတယ်"

ကိုကိုရှိတယ်ဆိုတာနဲ့တန်းပြီးကိုကိုရှိရာအခန်းသို့တက်လာခဲ့သည်...အခန်းရှေ့ရောက်တော့

"မင်းသွားမှာလား"

အကိုMeanအသံကိုကြားလိုက်လေသည်...အကိုMeanရောက်နေတာထင်တယ်...

"ဘာကိုပြောတာလဲ"

"ဟာမင်းနှစ်တိုင်းPeteအုတ်ဂူကိုသွားနေကျလေကွာ"

Peteတဲ့ ကျွန်တော်ဒီနာမည်ကိုသိသလိုပဲ...ကိုကို့ရဲ့သေသွားတဲ့ချစ်သူများလား...ကျွန်တော်လည်းအခန်းထဲမဝင်သေးဘဲ ဘာဆက်ပြောကြမလဲဆိုတာကိုနားစွင့်နေမိသည်...

"အင်း...ငါစဉ်းစားနေတာ ဘာလုပ်ရမလဲလို့ တကယ်လို့ငါမသွားရင် Peteငါ့ကိုမျှော်နေမှာပေါ့နော် ဒါပေမယ့်အဲ့နေ့က ကောင်‌လေးမွေးနေ့ဖြစ်နေတယ်ကွ"

"အဲ့တော့မင်းမသွားဘူးဆိုပါတော့"

"ငါနောက်ဆုံးအနေနဲ့တော့သွားချင်သေးတယ် ငါPeteကိုနှုတ်ဆက်ချင်သေးတယ် ငါသူနေခိုင်းတဲ့အတိုင်းအချစ်သစ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပြီဆိုတာကို ပြောချင်သေးတယ်"

More Than Love🖤❤️(Competed)Where stories live. Discover now