𝑬𝒑-4

618 43 4
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ဘာလို့အဲ့လောက်တောင်မျက်နှာနားကိုကပ်လာတာပါလိမ့်...ကျွန်တော်လည်းကြောက်ကြောက်နှင့် မျက်လုံးမှိတ်ထားမိသည်...

"ဘာလို့မျက်လုံးမှိတ်ထားတာလဲကောင်လေး ကိုယ်မင်းကိုတစ်ခုခုလုပ်မယ်လို့ထင်နေတာလား"

အဲ့တော့မှမျက်လုံးလေးပွင့်လာပြီး...

"အဲ့...အဲ့ဒါဆို ဘာလို့ကျွန်တော့်မျက်နှာနားကပ်လာရတာလဲလို့"

အဲ့တော့မှရယ်ပြီး ကျွန်တော့်အပေါ်ကဖယ်တော့သည်...

"ကိုယ်ကပြောမလို့အရှေ့တိုးလာတော့ကောင်လေးကအနောက်ဆုတ်ဆုတ်သွားတယ်လေ အခုလိုပြုမူမိတာsorryပါ ကိုယ်ကမင်းခွင့်ပြုချက်မရမချင်းမင်းကိုအခွင့်အရေးမယူပါဘူး အဲ့ဒါကြောင့်ကိုယ်ကအရင်ကိုယ့်အခန်းမှာပဲအိပ်မှာလို့ပြောမလို့ပါ ကဲကောင်လေးလည်းပင်ပန်းရောပေါ့ နားလိုက်ဦး တစ်ခုခုလိုအပ်တာရှိရင်လှမ်းပြောပေါ့နော် ကိုယ်သွားပြီနော်"

ပြောပြီးတာနဲ့ထွက်သွားသည်...ဘယ်လိုလူကြီးမှန်းလည်းမသိဘူး...အဲ့လိုပြောဖို့ကိုအနားအရမ်းကပ်လာဖို့လိုလို့လား...လူကိုလန့်အောင်လုပ်တဲ့ဦးလေးကြီး...'တွေ့မယ် ငါ့အကြောင်းကောင်းကောင်းသိစေရမယ်'

ဒါပေမယ့်လောလောဆယ်တော့ ကုတင်ပေါ်မှာဇိမ်ယူလိုက်ဦးမယ်...မွေ့ယာရော ခေါင်းဦးရောကအိနေတာပဲ...ဘေးနားမှာလည်းအရုပ်ကြီးတွေနဲ့...ဒီလိုအခန်းမျိုးနဲ့နေချင်တာကြာနေပြီ...မနက်ကပင်ပန်းထားလို့ထင်ပါသည်... လှဲလိုက်တာနဲ့ကိုမျက်လုံးတွေကမှေးစင်းလာသည်... ဒီညတော့ကောင်းကောင်းအိပ်ပျော်ပြီထင်သည်...

ကောင်လေးအိပ်နေတာကို... တံခါးနားကနေအသာလေးချောင်းကြည့်ကာ...ပြုံးနေတဲ့လူတစ်ယောက်ရှိတယ်ဆိုတာကိုတော့...ကောင်လေးမသိလိုက်ပါ...
🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️

ညကအိပ်ကောင်းကောင်းနဲ့အိပ်လိုက်တာ မနက်၉နာရီကျော်လောက်မှနိုးတော့သည်...အိမ်မှာဆိုရင်တော့မေမေလာနှိုးနေကျပင်...အခုဒီအိမ်မှာဘယ်သူမှလာနှိုးမယ့်သူမရှိတော့ သာသာယာယာပင်...မျက်နှာသစ်ပြီးမနက်စာစားဖို့အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်...အောက်ထပ်ရောက်တော့ ထမင်းစားခန်းမှာဦးလေးကြီးကိုတွေ့လေသည်...ကျွန်တော်စဉ်းစားမိတာက'၉နာရီကျော်နေပြီလေ အလုပ်မသွားဘဲဘာထိုင်လုပ်နေတာလဲ'ပေါ့...

More Than Love🖤❤️(Competed)Where stories live. Discover now