𝑬𝒑-12

509 37 7
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ညကဘယ်လိုဘယ်လိုအိပ်ပျော်သွားမှန်းမသိ...မနက်ရောက်လို့ဘေးနားကြည့်တော့ ကောင်လေးမရှိတော့... ရေချိုးခန်းထဲမှာလည်းမရှိတာကြောင့် မျက်နှာသစ်ပြီး ကောင်လေးကိုရှာရန်အပြင်သို့ထွက်လာခဲ့သည်...ကျွန်တော်လိုက်ရှာနေရင်းနဲ့ ကမ်းစပ်နားမှာတွေ့သည်...ကျွန်တော်လည်းကောင်လေးနားကိုသွားကာ...

"မနက်စောစောဘာထွက်လုပ်တာလဲ ကိုယ်ကလိုက်ရှာနေတာ"

"ဟီးဟီး ဒီမှာလေခရုခွံလေးတွေကောက်နေတာ ကမ်းခြေလာတိုင်းကောက်နေကျလေ အိမ်မှာဆိုစုထားတာအများကြီးရယ်"

ကျွန်တော့်ကိုသူ့လက်လေးထဲကခရုခွံလေးတွေကိုပြကာ ပြုံးပြီးပြောပြလေသည်...

"ကိုယ်လည်းဝိုင်းကောက်ပေးမယ်လေ"

"အင်း ဒီမှာကျွန်တော်ကောက်ထားတာလေးတွေမလှဘူးလား"

"လှပါ့ဗျာ အော်ဒီမှာကြည့်"

"ကျောက်ခဲလေး"

"အင်း အသည်းပုံလေးလိုပဲနော်"

"အင်းချစ်စရာလေး ပြီးတော့ချောချောလေးနော်"

"ကိုယ့်ကိုပြောတာလား"

"မ...မဟုတ်ပါဘူး ကျောက်ခဲလေးကလုံးချောချောလေးဖြစ်နေတာကိုပြောတာ"

"ဟုတ်ပါပြီ ကျောက်ခဲလေးကလုံးချောချောလေး ကောင်လေးလိုပဲ ဟဲဟဲ..."

"ဒီကိုကိုကတော့လေ ဘာတွေပြောနေတာလဲမသိဘူး"

"အော် ကောင်လေးရဲ့အသားအရေကချောချောမွေ့မွေ့လေး အဲ့ဒါကိုပြောတာပါ ကြည့်ပါဦးပါးလေးတွေကိုရဲလို့ ရှက်နေတာလား..."

"မရှက်ပါဘူး ဘာလို့ရှက်ရမှာလဲ...တော်ပြီခရုခွံလေးတွေကောက်ကြမယ် စကားမများနဲ့တော့"

ရှက်နေတာလေးကချစ်ဖို့ကောင်းလိုက်တာ...
🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️

ကျွန်တော်တို့မနက်စာစားပြီး အမှတ်တရပစ္စည်းလေးတွေလိုက်ဝယ်ကြသည်...ပြီးတော့တစ်နေကုန်လျှောက်လည်ကြသည်...ညနေစောင်းမှကျွန်တော်တို့ခရီးမှပြန်လာကြသည်...အသွားတုန်းကကျွန်တော်မောင်းတာမို့ အပြန်မှာMeanကိုမောင်းခိုင်းလိုက်သည်...ကျွန်တော်တို့ပြန်ရောက်တော့ ‌တော်တော်တောင်မှောင်နေပြီ...ကောင်လေးကလည်းအိပ်ပျော်နေလေသည်...

More Than Love🖤❤️(Competed)Where stories live. Discover now