𝑬𝒑-2

717 55 8
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ကျွန်တော့်ရဲ့လိုရင်းတိုရှင်းစကားကြောင့် Saintဆိုတဲ့ကောင်လေးရဲ့အဖေလန့်သွားမယ်ဆိုတာ ကျွန်တော်သိပါသည်...ဒါပေမယ့်ကျွန်တော်ကစကားကို လိုရင်းနဲ့ထိရောက်အောင်သာပြောတတ်သည်...ဝေ့လည်ကြောင်ပတ်ပြောတာကကျွန်တော့်ရဲ့styleမဟုတ်ဘူးလေ...Mr.Suppapongကအခုထိကြောင်အမ်းပြီး'ဗျာ'တစ်လုံးအပြင် ဘာစကားမှထွက်မလာ...

"Mr.Suppapongလန့်သွားမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ် ကျွန်တော်ကလည်းစကားကိုဒဲ့ပဲပြောတတ်တဲ့သူမို့လို့ပါ"

အခုချိန်ထိကျွန်တော့်ကိုကြောင်ပြီးကြည့်နေလေသည်...ဟုတ်ပါတယ်လေ သူ့သားကိုယောက်ျားလေးဖြစ်တဲ့ကျွန်တော်က လက်ထပ်မယ်လို့ပြောလိုက်တော့ အဖေဖြစ်တဲ့သူကမကြောင်ဘဲနေပါ့မလား...ဒါပေမယ့်သူလက်ခံမယ်လို့ကျွန်တော်ယူဆပါသည်...ဘာလို့ဆိုကျွန်တော်ကSuppapongကုမ္ပဏီရဲ့ ဒုတိယရှယ်ယာအများဆုံးပိုင်ရှင်လေ...

"ဟိုMr.Tanaponနောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်"

တော်တော်ကြာမှထွက်လာတဲ့စကားပေါ့...

"ကျွန်တော့်ပုံစံကနောက်နေတဲ့ပုံနဲ့တူလို့လား မအားတဲ့ကြားထဲကအချိန်ပေးပြီး လာတွေ့ပြီးပြောတဲ့စကားက နောက်တာဖြစ်နိုင်ပါ့မလား"

ကျွန်တော့်အပြောကြောင့် Mr.Suppapongနည်းနည်းတော့ပြာယာခတ်သွားသည်...

"ကျွန်တော်ကအဲ့လိုသဘောမျိုးနဲ့ပြောလိုက်တာမဟုတ်ပါဘူး သားကယောက်ျားလေးလည်းဖြစ်တယ် ပြီးတော့အသက်ကလည်း၁၉နှစ်သာသာလေးရယ် ကလေးစိတ်ကလည်းကုန်သေးတာမဟုတ်ဘူး အဲ့ဒါကြောင့်ပါ"

"ဒါဖြင့်ကျွန်တော်နဲ့သဘောမတူနိုင်ဘူးပေါ့လေ အဲ့လိုလား"

ကျွန်တော်ကမျက်ခုံးကိုပင့်ကာမေးလိုက်တော့...

"အဲ့လိုမဟုတ်ရပါဘူး ကျွန်တော်သဘောတူပါတယ် သဘောမတူနိုင်စရာအကြောင်းလည်းမရှိပါဘူး ကျွန်တော်ရဲ့သားကိုဖြောင်းဖြလိုက်ပါ့မယ်"

"Okလေကျွန်တော်သွားပြီ"

လုပ်ငန်းရှင်အချင်းချင်းပဲ သိတာပေါ့လေ ...ကျွန်တော်သာရှယ်ယာတွေပြန်ထုတ်သွားရင် ကုမ္ပဏီကြီးယိမ်းယိုင်သွားမှာပေါ့... ဒါကိုMr.Suppapongကောင်းကောင်းနားလည်ပါသည်...ကျွန်တော်လည်းမဲ့ပြုံးတစ်ချက်ပြုံးကာ ထွက်လာခဲ့လိုက်သည်...
🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️

More Than Love🖤❤️(Competed)Where stories live. Discover now