𝑬𝒑-3

638 48 5
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ကျွန်တော်နဲ့ဆွေးနွေးပြီးနောက်တနေ့ညဘက်မှာMr.Suppapongဖုန်းဆက်လေသည်...

"ဟယ်လိုMr.Suppapong"

"ဟုတ်ကဲ့ ကျွန်တော့်ရဲ့သားကိုနားချပြီးသွားပါပြီ"

"ဟုတ်လား အဲ့တော့ကောင်လေးကဘာပြောလဲ လက်ခံတယ်တဲ့လား"

ဒီလိုဖုန်းဆက်ကတည်းကကောင်လေးသူ့အဖေပြောတာကို မငြင်းဆန်နိုင်မှန်းကျွန်တော်သိပါသည်...ဒါပေမယ့်Mr.Suppapongပြောမယ့်စကားကိုလည်းနားထောင်ချင်သေးတာကြောင့် ကျွန်တော်မေးလိုက်သည်...

"လက်မခံလို့ရမလားဗျ သူကကျွန်တော့်သားပဲလေ ကျွန်တော်ပြောတာသူလက်ခံရမှာပေါ့"

မနက်ကဒီကောင်လေးကိုတွေ့လိုက်တာမျက်နှာသိပ်မလန်းဘူး...ကြည့်ရတာMr.Suppapongအတင်းလက်ခံခိုင်းထားပုံရသည်...အင်းလေဘယ်သူကတခါမှမမြင်ဖူးတဲ့သူကိုလက်ထပ်ချင်မှာလဲ...ပြီးတော့လက်ထပ်ရမယ့်သူကမိန်းကလေးမှမဟုတ်တာ ယောက်ျားလေးလေ...

"ကောင်းတာပေါ့ဗျာ"

"အဲ့ဒါကျွန်တော်ဘာဆက်လုပ်ရမလဲဟင် Mr.Tanaponဆီကိုသားကိုခေါ်လာခဲ့ရမလား"

"အင်းမဆိုးပါဘူး ကျွန်တော်တို့ချင်းလည်းအပြင်မှာ‌တွေ့ဖူးသွားတာပေါ့ အော်ပြီးတော့လေTanaponကုမ္ပဏီကိုပဲလာခဲ့နော် ကျွန်တော်အဲ့မှာပဲစောင့်နေမယ်"

ဟုတ်တယ်လေ...ကိတ်မုန့်တိုက်ကိုခေါ်လိုက်ရင် သူ့ကိုကျွန်တော်ကိတ်မုန့်ဆိုင်မှာမြင်လိုက်တာ သူသိသွားမှာပေါ့...တော်ကြာကိတ်မုန့်ဆိုင်ဘက်ကိုတောင်မလာတော့ရင်ဒုက္ခ...လက်ထပ်ပြီးမှသိတာအကြောင်းမဟုတ်ပါဘူးလေ...

"OKလေအဲ့ဒါဆိုကျွန်တော်မနက်ဖြန် သားကိုခေါ်လာခဲ့ပါ့မယ်"

"ကောင်းပါပြီ"လို့ပြောလိုက်ပြီးဖုန်းချလိုက်သည်...ကျွန်တော်နည်းနည်းတော့စိတ်လှုပ်ရှားမိပါသည်...ဘာလို့ဆိုကောင်လေးနဲ့စကားပြောပြီး သူ့အသံလေးကိုကြားရတော့မည်မဟုတ်လား...Peteအသံနဲ့တူမလားဆိုတဲ့မျှော်လင့်ချက်လေးရယ်ပါ...
🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️🖤❤️

"သား မေမေ့သားလေးထတော့လေ"

မေ့မေ့ရဲ့စောင်ကိုဆွဲကာလာနှိုးမှုကြောင့် မဖွင့်ချင်တဲ့မျက်လုံးကို အတင်းဖွင့်လိုက်ရသည်...

More Than Love🖤❤️(Competed)Where stories live. Discover now