𝑬𝒑-9

564 46 11
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ကျွန်တော်မေးနေတာကိုပြန်မဖြေဘဲ ကြောင်ကြည့်နေလေသည်...ဒီကိုကိုတော့ရေထဲမှာအအေးပတ်ပြီးသေချင်နေပုံပဲ...

"ကိုကို...ဘာလို့ရပ်နေတာလဲ တက်ကြမယ်လေ အအေးပတ်ပြီးမနက်ဖြန်ရုံးမသွားနိုင်ဖြစ်မယ်"

"ဟမ်...အင်း တက်ကြမယ်လေ..."

ရေကူးကန်ထဲကတက်လာကြပြီး အဝတ်အစားလဲရန်အခန်းကိုယ်စီသို့ပြန်လာခဲ့ကြသည်...ဟိုမှာတုန်းကဘာမှမဖြစ်သလိုလိုနဲ့ အခန်းထဲရောက်မှ မျက်နှာပူသလိုလို ရှက်သလိုလိုဖြစ်နေသည်...ကိုကိုဆိုတဲ့နာမ်စားကိုအသားမကျသေးပေမယ့် ကျွန်တော်ခေါ်ရတော့မည်...ကျွန်တော်ရှုံးသွားတာကို...ရေကူးကန်ထဲက‌အကြောင်းပြန်‌တွေးမိရင် ကြက်သီးထလာသည်...‌တော်ပါပြီ ဘာမှမတွေးတော့ဘူး...ရေချိုးပြီးတာနဲ့ မေမေ့ဆီသွားဖို့လုပ်ရမယ်...

"ကောင်လေးကဘယ်သွားမလို့လဲ"

"မေမေတို့ဆီသွားမလို့လေ မနေ့ကဖုန်းလှမ်းဆက်တာဆိုတော့ကျွန်တော့်ကိုတွေ့ချင်နေမယ်လို့ ထင်လို့"

"အဲ့ဒါဆိုကိုယ်လဲလိုက်ခဲ့မယ်လေ"

"ဟင်တကယ်ပြောတာလား"

"တကယ်ပေါ့ လက်ထပ်ပြီးတဲ့နေ့ကတည်းကမတွေ့ရသေးဘူးလေ ကိုယ့်ယောက္ခမလောင်းတွေကို..."

"ဘာကိုကိုယ့်ယောက္ခလောင်းလဲ"

ပြောလည်းပြောမျက်စောင်းလည်းထိုးလိုက်သည်...

"ကောင်လေးနဲ့ကိုယ်နဲ့ကလက်ထပ်ထားတာလေ အဲ့တော့ကောင်လေးရဲ့မိဘတွေက ကိုယ့်ယောက္ခမတွေပေါ့လို့"

"ယောက္ခမတဲ့လား အဲ့ကတည်းက ဦးလေးကြီး...အဲ ကိုကိုက ကျွန်တော့်မိဘတွေကို မိဘအရင်းလိုမသတ်မှတ်တဲ့သဘောပဲလေ"

'ဟိုက် ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်ဆိုတာဒါပဲနေမယ်'

"ကိုယ်ပြောချင်တာအဲ့လိုမဟုတ်ဘူးလေ ယောက္ခမဆိုတာလဲ ကိုယ့်မိဘတွေပဲလေ ဟဲဟဲ..."

"ထားပါတော့လေ...ကိုကိုကဒီအတိုင်းလိုက်မလို့လား"

ကောင်လေးပြောမှကိုယ့်ကိုယ်ကိုငုံ့ကြည့်မိသည်...အိမ်မှာနေတာဆိုတော့ လွတ်လပ်အောင် စွပ်ကျယ်နဲ့JJဘောင်းဘီဝတ်ထားမိသည်...

More Than Love🖤❤️(Competed)Where stories live. Discover now