𝑬𝒑-13

484 39 2
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

‌"ကောင်လေး ကိုယ်အလုပ်သွားတော့မယ်နော် ညနေကိုယ်လာခေါ်မယ်သိလား စောင့်နေနော်"

"ဟမ် ဘယ်သွားမလို့လဲ"

"ကောင်လေးကျောင်းတက်ရတော့မယ်မဟုတ်လား လိုအပ်တာလေးတွေသွားဝယ်ပြီး အပြင်မှာညစာစားကြမယ်လေ"

"အော် ဟုတ်ကိုကို စောင့်နေမယ်နော် တာ့တာကိုကို"

ကျွန်တော်တာတာ့လုပ်တော့ ပါးလေးကိုကျွန်တော့်မျက်နှာနားထိုးပေးသည်...ဒီလူကြီးကလေးတကယ်ကလေးဆန်တာပဲ...ကျွန်တော်ပါးလေးကိုခပ်ဖွဖွနမ်းလိုက်တော့ မျက်လုံးလေးတွေမှိတ်တဲ့အထိ ကျွန်တော့်ကိုအမြဲပြုံးပြနေကျအပြုံးလေးပြုံးပြပြီး ထွက်သွားတော့သည်...ကျွန်တော်လည်းကိုကိုထွက်သွားတော့ ဖုန်းယူကာ ခြံထဲထွက်လာခဲ့သည်...ခြံထဲရှိဒန်းပေါ်တွင်ထိုင်ကာ ဖုန်းနံပါတ်တစ်ခုကိုဆက်လိုက်သည်...

"ဟယ်လိုPlan"

"အေးပြော ဘာပြောမလို့လဲ"

"မနေ့ကကိစ္စငါသိပြီးပြီနော်"

"ဟမ် မင်းကိုဘယ်သူပြောတာလဲ ဟိုလူကြီးပြောတာမဟုတ်လား"

"သူကပြောရအောင် ငါနဲ့သူနဲ့ကအဆက်အသွယ်ရှိတာမှမဟုတ်တာ"

"ဒါဖြင့်ဘယ်သူပြောတာလဲ"

"ဘယ်သူရှိရမလဲ ကိုကိုပေါ့ကွ"

"အဲ့လူကြီးကလည်းလေ ငါကတော့သူ့ကိုသွားတောင်းပန်ရတယ် သူကတော့ဖောက်သည်ချနေတယ်ပေါ့လေ"

"အဲ့လိုမဟုတ်ပါဘူးကွ သူ့ပါးနီရဲနေလို့ကိုကိုကမေးလိုက်လို့ သူကဖြေတာပါကွ ဒါနဲ့မင်းတောင်းပန်တော့သူကဘာပြန်ပြောလဲ"

"ခွင့်လွှတ်တယ်တဲ့ ဒါပေမယ့်သူကအသားနာထားတာတဲ့ ကော်ဖီလိုက်တိုက်တဲ့ဆိုလို့ သူ့ကိုလိုက်တိုက်ရဦးမယ် သူလာခေါ်မယ်လို့တော့ပြောတာပဲ အခုထိတော့ကားသံမကြားရသေးဘူး"

"အော် မင်းတို့ကတော်တော်အခြေအနေတိုးတက်နေပြီပဲ"

"ဘာကိုတိုးတက်တာလဲ မင်းကရောအရင်ကတော့ဦးလေးကြီး...ဦးလေးကြီးနဲ့...အခုကျတော့ကိုကိုကပါးစပ်ဖျားကကိုမချတော့ဘူး ဘာလဲမင်းကgayသွားတာလား"

More Than Love🖤❤️(Competed)Where stories live. Discover now