𝑬𝒑-5

598 43 1
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ကျွန်တော်မနက်အိပ်ယာနိုးတော့ ခေါင်းတွေတအားထိုးကိုက်နေလေသည်...ညကသောက်ထားတာများသွားလို့ထင်ပါသည်...နာရီကိုကြည့်လိုက်တော့၁၀နာရီတောင်ကျော်နေပြီ...မထချင်ထချင်နှင့် ထကာကုတင်ပေါ်မှာခဏထိုင်နေလိုက်သည်...ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်တော့ ညကအဝတ်အစားတွေမဟုတ်ပါ...ပြန်စဉ်းစားကြည့်တော့ ဦးလေးကြီးကျွန်တော့်ကို အခန်းထဲထိပို့ပေးတာကိုမှတ်မိသည်...အဲ့နောက်ပိုင်းအိပ်ပျော်သွားတာဆိုတော့ ဘာဖြစ်မှန်းတော့မသိလိုက်ပါ...သေချာတာက ဒီအဝတ်အစားတွေကို ဦးလေးကြီးလဲပေးတာဖြစ်နိုင်သည်...ကျွန်တော်လည်းခေါင်းကိုက်တာနဲ့ ဆက်မစဉ်းစားချင်တော့ပါ...ကုတင်ဘေးကစားပွဲခုံလေးဆီအကြည့်ရောက်သွားတော့ ဖန်ခွက်တစ်ခွက်နှင့် စာတစ်စောင်တွေ့လေသည်...ကျွန်တော်လည်းဖန်ခွက်ကိုကိုင်ထားရင် စာလေးကိုဖတ်လိုက်သည်...

'ကောင်လေးအိပ်ယာနိုးရင် ခေါင်းကိုက်နေမှာစိုးလို့ ကိုယ်သံပုရာရည်ဖျော်ပေးခဲ့တယ်နော် ပြီးတော့ကိုယ်ကောင်လေးကိုစောင့်နေပါသေးတယ် ကောင်လေးကမထသေးတော့ ကိုယ်လည်းအလုပ်ရှိတာနဲ့သွားလိုက်ရတာပါ ကောင်လေးတစ်ခုခုလိုရင်အိမ်ကလူတွေကိုခိုင်းလို့ရတယ်နော် အဆင်မပြေရင်ကိုယ့်ကိုဖုန်းဆက်လိုက် ကိုယ်ပြန်လာခဲ့မယ် သံပုရာရည်လေးပဲဖျော်ပေးနိုင်ခဲ့လို့တောင်းပန်ပါတယ်နော်'

စာလေးကိုဖတ်ပြီးအနည်းငယ်တော့ပြုံးမိသည်...ကျွန်တော်လည်းမျက်နှာသစ် လန်းသွားအောင်ရေမိုးချိုးပြီး ဦးလေးကြီးဖျော်ပေးထားတဲ့သံပုရာရည်ခွက်ကိုကိုင်ကာ အောက်ဆင်းလာခဲ့သည်...

"အော်လူလေး သူဌေးလေးကရုံးသွားပြီ"

ကျွန်တော်ဆင်းလာတာမြင်တော့ အန်တီကြီးကလှမ်းပြောသည်...

"ဟုတ်ကဲ့ကျွန်တော်သိပါတယ်အန်တီ"

"အန်တီမနက်စာပြင်ထားတယ် လာစားလိုက်လေနော်"

ကျွန်တော်ခေါင်းညိတ်လိုက်ပြီး ထမင်းစားခန်းထဲသို့လာခဲ့လိုက်သည်...မနက်စာမစားခင် ဦးလေးကြီးဖျော်ပေးထားတဲ့ သံပုရာရည်လေးကိုသောက်လိုက်သည်...တကယ်တမ်းပြောရရင်ဦးလေးကြီးဖျော်ပေးတာအရမ်းသောက်လို့ကောင်းသည်...သံပုရာရည်သောက်ပြီးတာနဲ့ မနက်စာစားလိုက်သည်...မနက်စာစားပြီးအပေါ်တက်လာတော့ ဖုန်းဝင်လာလေသည်...

More Than Love🖤❤️(Competed)Where stories live. Discover now