Unicode
ဘယ်တော့မှ တရုတ်ပြည်ကို ပြန်ပြီးချေချလို့ရမယ်လို့ မထင်ခဲ့တဲ့သူမက အခုတော့ တရုတ်ပြည်ရဲ့ အကောင်းစားဟိုတယ်တွေထဲကတစ်ခုရဲ့ ခပ်မြင့်မြင့်နေရာမှာ
" ဟိုထျန် ဒါ ဟွမ်းရုံ"
တဆက်ထဲမှာပဲ သူမကခေါင်းကိုဟွမ်းရုံဘက်လှည့်လိုက်ပြီး
" လိုတာရှိရင်သူ့ကိုပြောလိုက်"
ဟိုထျန်ရော ဟွမ်းရုံပါ ခေါင်းငြိမ့်လိုက်ကြတယ်
" ပြန်တော့မှာလား"
" အင်း ပြပွဲကနီးနေပြီ"
ဟိုထျန့်အမေးကိုသူမက ပြန်ဖြေရင်း ဟွမ်းရုံကိုလည်း ဟိုတယ်ထဲကနေဘယ်မှမသွားဖို့ထပ်မှာသွားတယ်
" ဟိုထျန်"
သူမပြန်သွားပြီး ကျန်နေခဲ့တဲ့ဟိုထျန်ကို ဟွမ်းရုံကခေါ်တယ်
" မင်းက ရှောင်ကျန့်ရဲ့ မန်နေဂျာမလား"
ဟုတ်တယ်လည်းမဟုတ် မဟုတ်ဘူးလည်းမဖြေတာကြောင့်သူမကပဲစကားဆက်တယ်
" ရှောင်ကျန့်ပုံတွေထဲမှာ မြင်ဖူးတာကြောင့်ပါ"
ရှောင်ကျန့်အကြောင်းတွေမသိခဲ့ပေမဲ့ ခုလက်ရှိ ရိပေါ်ကရှောင်ကျန့်သက်တော်စောင့်ဖြစ်နေတာကြောင့် သိလို့ရသမျှသိရအောင် ပြန်မလာခင်ရက်ပိုင်းကမှရှာဖွေထားခဲ့ရတာ ။ ကိုယ့်ကိုယ်လာတွေ့တဲ့ သူမက ဘယ်သူဘယ်ဝါဆိုတာထက် ရည်ရွယ်ချက်က ရိပေါ်ကို ရှောင်ကျန့်အနားမှာမရှိစေချင်ဘူးဆိုတာထင်ရှားနေတာကြောင့် သူမနဲ့ရှောင်ကျန့်ဘယ်လိုပတ်သတ်နေလည်းဆိုတာ သိချင်မိရုံ ။ ရှောင်ကျန့်တစ်ယောက်သူ့အနီးနားကလူတွေရဲ့ သူ့အပေါ်ပြောင်းလဲမှုကိုသိသွားရင် ခံနိုင်ရည်ရှိပါမလားလို့တောင် မဆီမဆိုင်တွေးလိုက်မိသေးတယ်
" ဟုတ်တယ် "
"ဘာလို့ ဒီလိုလုပ်တာလည်း"
မဆိုင်းမတွမေးလာတဲ့မေးခွန်းကထင်မှတ်မထားတာကြောင့် ပြန်ကြည့်ရင်း
" ခင်များရော ဘာထူးလို့လည်း ရိပေါ်အပေါ် မကောင်းကြံစည်နေတာပဲလေ "
YOU ARE READING
All of me (Unicode / Zawgyi) - Completed