Unicode
" မင်းသား"
ရှောင်ကျန့်ကားဝင်လာတုန်း ဂိတ်အဝကနေလှမ်းခေါ်တဲ့ဦးလေးကြီးကြောင့် ကားပေါ်ကဆင်းလို့နှုတ်ဆက်လိုက်တယ်
" ဦးလေးမနက်အစောကြီး ဂျူတီချိန်းပြီလား"
" ချိန်းပြီလေဒီအချိန်ဆို ဒါနဲ့မင်းသား ပုံကြည့်ပြီးပြီလား"
ပုံကြည့်ပြီးပြီလားဆိုမေးလာတော့ ရှောင်ကျန့်တွေးလိုက်မိတာက မနေ့ညကထွက်လာတဲ့ Rumor အကြောင်း ။ ဒီဦးလေးကြီးကလည်း ဒါတွေစိတ်ဝင်စားသလားပဲ
" အာ ကြည့်ရပါတယ်"
ရယ်တစ်ဝက်နဲ့ ပြန်ဖြေတော့
" အော ကြည့်ပြီးရင်ပြီးရော ဦးလေးက ဟိုလူလေးဘယ်သူပါလိမ့် နာမည်မေးထားဖို့ကို အခေါက်တိုင်းမေ့တယ် မင်းသားနားက ဖြူဖြူချောချောကောင်လေးလေ "
" ဖြူဖြူ အောရိပေါ်ကိုပြောတာလား"
ကိုယ့် Rumor ကိစ္စက ရိပေါ်နဲ့တနည်းနည်းပတ်သတ်ကြောင်းဒီဦးလေးကြီးကဘယ်လိုသိပါလိမ့်လို့တွေးမိတော့ နဲနဲတောင်ဖြုံသွားရသေးတယ်
" ရိပေါ်လား အဲ့လူလေးနာမည်က အင်းအင်း ဦးလေးမှတ်ထားမယ် အဲ့ဒါဆို ကလေးလေးနဲ့တွေ့ပြီးတော့ဘာထူးခြားသေးလည်း"
"ဗျာ ကလေး ဘယ်ကကလေးလည်း"
တစ်ခုခုတော့လွဲနေပြီမှန်းရှောင်ကျန့်အခုမှရိပ်မိလိုက်တယ်
" ဟင် ကလေးလေ မင်းသားဆီ ဒုတိယတစ်ခါလက်ဆောင်ပို့ပေးတဲ့ကလေးပုံလေ အဲ့ဒါဦးက ရိပေါ်ဆီပေးလိုက်တယ် သူကမင်းသားကိုမပြဘူးလား"
ဦးလေးကြီးကိုသိချင်တာတွေမေးပြီးတဲ့နောက် ရှောင်ကျန့်ကားပေါ်အမြန်တတ်ပြီး ဆေးရုံကိုဦးတည်လိုက်တယ် ။
ဒါဆို ရှောင်ကျန့်ကို ဒီရက်ထဲမှာဓါတ်ပုံတွေရသေးလားလို့မေးခဲ့တဲ့အချိန်ထဲက ရမှန်းသိလို့မေးခဲ့တာပေါ့ ။ ရှောင်ကျန့်ကားစတီးယာရင်လက်ဝါးနဲ့ရိုက်လိုက်ရင်း ငါအမှန်တိုင်းပြောခဲ့သင့်တယ်လို့တွေးမိတယ် ။ ရမှန်းသိနေတဲ့သူကို မရပါဘူးလို့လိမ်ခဲ့တဲ့နောက် ယွန်းဂျီအာကပါ ပြန်ရောက်လာတဲ့အခြေအနေမှာသေချာပေါက် ကိုယ်နဲ့ယွန်းဂျီအာရဲ့ပတ်သတ်မှုကို အတည်လို့မှတ်ယူထားခဲ့မှာပဲ
ČTEŠ
All of me (Unicode / Zawgyi) - Completed