Unicode
ရေကူးကန်ထဲမှာ အကြာကြီးစိမ်နေခဲ့ရတဲ့ရှောင်ကျန့်ကြောင့် ရိပေါ်က အိမ်ရောက်ရောက်ခြင်း ရေချိုးကန်ထဲ ရေနွေးစပ်ပေးနေခဲ့တယ်
"ကိုယ်လုပ်ပါ့မယ်ဆိုတာကို"
ရေချိုးခန်းကြမ်းပြင်ပေါ်ဒူးတစ်ဖက်ထောက်လျှက်ထိုင်နေပြီး ရေချိုးကန်ထဲကရေအနေအထားကိုလက်တစ်ဖက်စိမ်ရင်း စမ်းသပ်နေတုန်း ရှောင်ကျန့်ကအနောက်ကနေရောက်လာပြီး ရိပေါ်တစ်ကိုယ်လုံးကိုသူ့ရင်ခွင်ထဲနစ်မြုတ်သွားအောင် သူပါဒူးနှစ်ဖက်ထောက်ချပြီး သိုင်းဖက်ဖို့ကြိုးစားနေတယ်
" ခဏလောက်ငြိမ်ငြိမ်နေပါလားကျန့်ကော"
ရိပေါ်ရဲ့ လှုပ်ရမ်းနေတဲ့ရေထဲကလက်ကို သူ့လက်နဲ့လှမ်းဆွဲနေသလို ကျန်တဲ့တစ်ဘက်ကလည်း ရိပေါ်ရင်ဘတ်ပေါ်မှာ ပြေးလွှားနေတယ်
" ဘာလည်းစိတ်မရှည်တော့တာလား"
ရိပေါ်အုကနဲနေအောင် အယောင်ယောင်အမှားမှားနဲ့အသံထွက်သွားရတဲ့အထိ ရှောင်ကျန့်က သူ့ရင်ခွင်ထဲရောက်ပြီးသားရိပေါ်ကို သူ့တစ်ကိုယ်လုံးမှာရှိသမျှအားတွေနဲ့ဖျစ်ညှစ်လိုက်တာ
" စိတ်မရှည်ရင်ဒီလောက်လုပ်ပေးမနေတော့ဘူးနော်"
" အဲ့ဒါဆိုဘာလို့ကိုယ့်ကိုယ်ငြိမ်ငြိမ်နေလို့ပြောလည်း"
ရှောင်ကျန့်ဆိုတာဒီလိုမှန်းခုတော့ရိပေါ်သိလာရပြီ။ အရမ်းရစ်နေပြီဆိုရင် ရိပေါ်ဆီကလိုချင်တာတစ်ခုခုရှိနေလို့ စကားအမှားကိုစောင့်ပြီးလိုချင်တာကိုရအောင်ယူတတ်တာ
" တိုက်ရိုက်ပြောလိုက်တော့ဘာလို့ချင်လို့လည်းဆိုတာ"
ရိပေါ်စကားဆုံတော့ ရှောင်ကျန့်ကခပ်ဟဟရယ်ရင်း ထိုင်နေရာကထပြီးရိပေါ်ကိုနောက်ကနေ ထိုင်လျှက်သားပွေ့ချီပြစ်လိုက်တယ်
ပြောလည်းရမှာမဟုတ်တာကြောင့် ရိပေါ်ပြန်မပြောပဲငြိမ်နေလိုက်ပေမဲ့ စိတ်ထဲမှာတော့ ဘယ်ချက်မျက်နှာနဲ့ကြမ်းပြင်မိတ်ဆက်မလည်းလို့စိုးရိမ်နေမိတုန်း။ လက်နောက်ပြန်ပစ်လို့ရှောင်ကျန့်လက်မောင်းကိုမှီသလောက်ဖမ်းဆွဲထားတယ်
ESTÁS LEYENDO
All of me (Unicode / Zawgyi) - Completed