I need you

4K 408 29
                                    

Unicode

တိုက်ခန်းတံခါးကို ကုဒ်နံပါတ်ထဲ့ဖွင့်ပြီးတဲ့နောက် အခန်းထဲအလျင်စလိုဝင်လိုက်တယ်။ ဧည့်ခန်းထဲမှာ ငူငူကြီးထိုင်နေတဲ့ရှောင်ကျန့်က ရိပေါ်ကိုမော့ကြည့်လို့

" ရောက်ပြီလား"

" ရှောင်ကျန့်ဘာဖြစ်"

ရိပေါ်ကစကားမဆုံးခင်မှာပဲ အရှေ့စားပွဲပေါ်မှာတင်ထားတဲ့ စက္ကူဘူးအနက်ရောင်ကို မြင်လိုက်တာကြောင့် ရှောင်ကျန့်ဘေးကိုဝင်ထိုင်ရင်း စက္ကူဘူးဆီလက်ကိုလှမ်းလိုက်တယ် ။ ရှောင်ကျန့်မဆိုထားနှင့် ကိုယ်တိုင်တောင် ဘာကြောင့်မှန်းမသိ မနှစ်မြို့တဲ့စိတ်ကြီးက တပြိုင်နက်တည်းဝင်ရောက်လာတယ်

" အဲ့ဒါဆို တစ်ယောက်ထဲပဲပေါ့"

ရိပေါ်ကို အင်းတစ်လုံးပဲပြန်ဖြေလာတဲ့ ရှောင်ကျန့်မျက်နှာမှာရှုပ်ထွေးနေမှုတွေကအထင်းသား

" အဲ့ဒါဆို ငါ့ကြောင့်လား ငါ့ကြောင့်မလို့ ဒိုရာက ဓါးစားခံဖြစ်ရတာလား"

" မဟုတ်ဘူး ဘာလို့အဲ့လိုတွေးတာလည်း ရှောင်ကျန့်နဲ့ဘာမှမဆိုင်တာပဲ "

ကိုယ်တိုင်မသိလိုက်ပဲ လက်တွေက ရှောင်ကျန့်လက်ပေါ်အုပ်ကိုင်လိုက်မိတယ်

" ငါ့ဆီဓါတ်ပုံနဲ့စာတွေပို့တာ ငါ့ကိုစိတ်ဒုက္ခရောက်စေချင်လို့ပဲထင်ခဲ့တာ ကြည့်ရတာ အနားကလူတွေကိုပါ အလွတ်ပေးမဲ့ပုံမပေါ်ဘူး "

" မတွေးပါနဲ့ အဲ့လိုမဟုတ်ပါဘူး ရှောင်ကျန့်နဲ့ဘာမှမဆိုင်ပါဘူး"

" ရိပေါ် ငါပင်ပန်းလို့ နားချင်တယ်"

ပြောလည်းပြော တပြိုင်နက်တည်းမှာပဲ ထိုင်နေတဲ့ ရိပေါ်ပေါင်ပေါ်ကို လှဲချလိုက်တဲ့ရှောင်ကျန့်ကြောင့် ခန္ဓာကိုယ်က တောင့်တင်းသွားရသလို လက်နှစ်ဘက်ကလည်း ဘေးမှာသတိအနေအထားနဲ့ကပ်လျှက်ချလို့ လက်သီးတွေဆုပ်မိသွားတယ်။ အသက်ရှုအောင့်ထားမိလို့များလားလို့ မဆီမဆိုင်တွေးရင်း အသက်ရှုတွေကျပ်လာသလိုဖြစ်လာတဲ့ခံစားချက်ကလည်း နေရထိုင်ရခက်စေတယ်

" ဘာလို့ထတာလည်း ပင်ပန်းတယ်ဆို"

ရုတ်တရတ်ကြီးထထိုင်လိုက်တဲ့ရှောင်ကျန့်က

All of me (Unicode / Zawgyi) - CompletedDonde viven las historias. Descúbrelo ahora