We love to each others

3.3K 332 23
                                    

Unicode

" တောင်းပန်ပါတယ်"

အတန်ကြာတိတ်ဆိတ်နေတဲ့စကားဝိုင်းကို စတင်ဖြိုခွင်ဖို့ကြိုးစားရင်း တောင်းပန်စကားဆိုလိုက်တယ် ။ ဒါပေမဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ ခေါင်းငုံ့နေတာကတော့ အမှားတွေကိုဘယ်ကစပြီးဝန်ခံရမှန်းမသိခဲ့လို့ပါပဲ။ဖန်တလဲလဲ လေ့ကျင့်ခဲ့ပေမဲ့ တကယ့်အခြေအနေမှာတော့ မောင်းတင်ထားသမျှစိတ်တွေက ဘယ်ကိုလွင့်သွားလိုက်မှန်းတောင်မသိရဘူး

" ပြီးတော့ လာတွေ့ပေးတာ ကျေးဇူးတင်ပါတယ်"

အရှေ့မှာရှိတဲ့ရေခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားရင်း တည်ငြိမ်အောင်ကြိုးစားနေရတယ်

" ငါ့ကိုယ်လိမ်တာ အမုန်းဆုံးပဲဆိုတာ မသိဘူးလား အထူးသဖြင့် မင်းဆီကနေအလိမ်ခံရတာ"

ဘာစကားမှပြန်ပြောမလာတဲ့ ယွန်းဂျီအာကိုကြည့်ပြီး ရှောင်ဟန့် ခွင့်လွှတ်သင့်မသင့် စဉ်းစားလို့မရသေးဘူး ။ သတင်းစာရှင်းလင်းပွဲကြည့်ပြီးပြီးချင်း ကိုယ်ကတစ်ချိန်လုံးဘာမှမသိခဲ့ရပဲ ရှောင်ကျန့်ကိုတောင် လူသိရှင်ကြား မုန်းနေခဲ့သေးတယ်တဲ့။ ဘယ်လောက်များ ခံပြင်းစရာကောင်းပါလိမ့်

" နှစ်နှစ်ကျော် ဒီနှစ်နှစ်ကျော်အတွင်း ငါကအဖြစ်မှန်ကိုမသိခဲ့ပဲ ရှောင်ကျန့်ကိုတောင် အထင်လွဲနေခဲ့သေးတာ မင်းကတော့ မင်းအမှားကိုဘယ်လောက်အတိုင်းအတာထိကြီးမားတယ်လို့တွေးနေမယ်ဆိုတာမသိပေမဲ့ ငါကဒီနှစ်နှစ်လုံးမှာ လူပေါကြီးတစ်ယောက်လိုဖြစ်နေခဲ့ရတာသိလား"

" တောင်းပန်ပါတယ် အဲ့ဒါအပြင်ပိုပြီးပြောစရာစကားမရှိပါဘူး ကြိုက်တဲ့အပြစ်ပေးပါ"

အံ့ဩလွန်းသွားပုံရတဲ့ရှောင်ဟန့်က ဟက်ခနဲပြက်ရယ်ပြုရင်း

" ကြိုက်တဲ့အပြစ်ပေးဟုတ်လား နောက်ကျနေပြီလို့မထင်ဘူးလား"

အရှေ့ကရေခွက်ကိုယူလိုက်ပြီး တစ်ချိုက်ထဲမော့ချလိုက်ရင်း ပြောလက်စစကားကို ဆက်ဖို့ပြင်တယ်

" အဲ့ဒီကတည်းကပြောခဲ့သင့်တာ အဲ့တာဆို အခုလောက်ထိမင်းကိုငါမုန်းမိမှာမဟုတ်ဘူး"

All of me (Unicode / Zawgyi) - CompletedTempat cerita menjadi hidup. Temukan sekarang