I will be your shadow

2.9K 330 16
                                    

Unicode

ကောလဟာလတွေမတည်ငြိမ်သေးခင် သူမနဲ့တွေ့ဆုံဖို့စိတ်ကူးမထားပေမဲ့ ဖုန်းဆက်လာတာကိုတော့ကိုင်လိုက်တယ်။ ရှောင်မနေပဲ တိုက်ရိုက်ဖြေရှင်းပါမှရမဲ့ကိစ္စတစ်ခုမှာ အမြန်ဆုံးဖြေရှင်းပြီးမှ ရိပေါ်အနားမှာနေလို့ရမယ်ဆိုတဲ့အတွေးကလည်း တချိန်လုံးကြီးစိုးနေခဲ့တယ်။ ကိုယ်တိုင်လည်း လွန်ခဲ့တဲ့နှစ်နှစ်ကကိစ္စကို အကို့ကိုပြောပြမယ်လို့ ကတိပေးပြီးသားဖြစ်တာကြောင့် သူမကိုတော့ သူငယ်ချင်းဖြစ်ခဲ့တဲ့အချိန်တွေကိုထောက်ရှုပြီး အသိပေးဖို့ကိုလည်း ဆုံးဖြတ်ထားပြီးသားပါပဲ ။
ဖုန်းချလိုက်ပြီးတဲ့နောက် သူမပြောလာတဲ့စကားတွေကို အစကနေအဆုံး ဦးနှောက်ထဲမှာ အလျင်အမြန်ပြန်ပြီး စီကြည့်ရတယ် ။ လိမ်ပြောတဲ့ပုံမပေါ်တာလည်း သိသာနေတာကြောင့် နောက်ဆုံးအနေနဲ့ တစ်ခေါက်တွေ့ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်တယ် ။ ဒီတစ်ခါတော့ ကိုယ်ရော သူရော ဘယ်သူကမှ မဟုတ်မမှန်တဲ့သတင်းမျိုး မထွက်ချင်တာကလည်း သူမကိုယုံကြည်ကြည့်ဖို့ အချက်ထဲကတစ်ချက်ပဲ ။ သူမပြောတဲ့အတိုင်းသာ မှန်ခဲ့ရင်တစ်ခါထပ်ပြီးလမ်းပျောက်သွားရပြန်ပြီလား ။ သူမက ပြစရာရှိတယ်ဆိုတာကြောင့် ဒီတစ်ခါမှာတော့ ထပ်ပြီးတွေ့မယ့်နေရာကို ရှောင်ကျန့်ကပဲ သေချာစီစဉ်ပြီး ပြန်ပြောမယ်လို့ ပြောလိုက်တယ်။ ရှုပ်ထွေးသွားရတဲ့ခေါင်းတွေကို ခဏလေးအနားပေးလိုက်တာနဲ့ အတွေးထဲဝင်လာတာက ရိပေါ်ပဲဖြစ်နေပြန်တယ်။ လှိုက်ခနဲဖြစ်လာတဲ့ခံစားချက်နောက် အတွေးထဲမှာတောင် ကိုယ့်ကိုယ်နွေးထွေးစေတာကလည်း ရိပေါ်တစ်ယောက်ထဲရယ်။
နှလုံးအစားထိုးဖို့ကိစ္စအဆင်ပြေသွားတာကိုသိလောက်ရောက်ပေါ့လို့တွေးမိတာနဲ့တပြိုင်နက် သူရှိရာဆီသာပြေးသွားချင်မိပြန်တယ်။ မနေ့ကတစ်နေကုန် ဖုန်းတစ်ချက်မဆက် စာတစ်စောင်မပို့တဲ့သူက Weibo hot search ကကောလဟာလတွေမှာလည်း အရင်လိုတစ်စုံတစ်ရာသောဖြေရှင်းချက်မျိုး မပေးထားပြန်ဘူး ။ သူနေနိုင်ပေမဲ့ မနေနိုင်တဲ့ကိုယ်က သွားတွေ့မယ်လို့ ဆုံးဖြတ်ပြီးချိန် သတိထားလိုက်မိတာက ဆေးရုံရှေ့တောင်ရောက်နှင့်နေပြီးပြီ

All of me (Unicode / Zawgyi) - CompletedOù les histoires vivent. Découvrez maintenant