we made him as a bait

2.7K 300 12
                                    

Unicode

ခွပ်ဆိုပြီးကျယ်လောင်တဲ့အသံနောက် ရစရာမရှိတော့လောက်အောင် ကြေမွသွားတဲ့ဖုန်းတစ်ခု

" ခင်များလူတစ်ယောက်လုံးမမြင်ဘူးလားဗျ"

စုတ်တစ်ချက်သပ်လို့ ဟိုထျန်မကျေမနပ်ရေရွတ်တော့ ဖုန်းကိုကောက်နေရာက တောင်းပန်တဲ့အကြည့်တွေနဲ့ မော့ကြည့်လာတဲ့ မိန်းကလေးတစ်ယောက်။ လှပေမဲ့ နူးညံ့တဲ့ပုံမရတဲ့မိန်းကလေးက ရုတ်တရက်ဆိုသလို ဟိုထျန်လက်ကို ဆက်ကနဲဆွဲပြီး နေရာကနေထွက်သွားဖို့ပြင်တယ်

" ဘာလုပ်တာလည်း နေဦးလေ"

ဘာဖြစ်သွားမှန်း နားမလည်လိုက်တဲ့ ဟိုထျန်မှာတော့ လက်ကိုရုန်းပြီးခါချနေသည့်တိုင် နူးညံ့ပုံမရတဲ့ မိန်းကလေးက သန်မာပုံလည်းရသေးတယ်

" ဖုန်းပြင်ပေးမလို့လေ အသိဆိုင်ရှိတယ် သိပ်မဝေးဘူး လိုက်ခဲ့"

" နေပါစေ မပြင်နဲ့ ကိုယ့်ဘာကိုယ်ပြင်မယ်"

ဒုတိယအကြိမ် လက်ကိုအားပါပါနဲ့ စောင့်လွှဲချလိုက်တော့ အရှိန်နဲ့ လည်ထွက်သွားရတာ ဟိုထျန်ပဲ။ ဟိုဘက်က လက်ကိုလွှတ်လိုက်ချိန်နဲ့တိုးသွားမိလို့

" အာ ရရဲ့လား ဆောရီး ယူကအတင်းရုန်းနေတာကိုး"

" ရတယ် ဖုန်းပြန်ပေး မပြင်နဲ့"

ဟိုထျန်က နာသွားတဲ့လက်ကောက်ဝတ်ကိုကျန်လက်တစ်ဖက်နဲ့ အသာဖိရင်း ဖုန်းပြန်တောင်းလိုက်တယ်

"နိုးပါ တို့က တာဝန်သိပြည်သူတစ်ယောက် ယူ့ဖုန်းကတို့ကြောင့်ပျက်သွားတာ ခုပဲရောက်တော့မယ် ငြိမ်ငြိမ်လေးလိုက်လာခဲ့"

ပြောချင်ရာပြောပြီး ရှေ့ကနေထွက်သွားနှင့်တဲ့သူမနောက် စိတ်ပျက်လက်ပျက်နဲ့ပဲ ပါလာခဲ့ရတယ်။ နှစ်လမ်းကျော်လောက်လျောက်လာပြီးတဲ့နောက်မှ သူမခေါ်လာတဲ့နေရာကိုရောက်တယ်

"တို့ကို ဒီဖုန်းလေးပြင်ပေး"

ခပ်မာမာလေသံကြောင့် ကောင်တာမှာထိုင်နေရာက မော့ကြည့်လာတဲ့သူက တစ်ချက်လေးကြည့်တယ်ဆိုရုံကြည့်ပြီးဖုန်းကို လှမ်းယူတယ်

All of me (Unicode / Zawgyi) - CompletedOnde histórias criam vida. Descubra agora