Shocked

2.7K 321 32
                                    

Unicode

"ထိုင်ကြပါဦးလား"

ရှောင်ဟန့်လည်း ရှောင်လျိုဟန်ခေါ်လို့ အစည်းအဝေးပြီးတာနဲ့ ချက်ချင်းထပြီးလိုက်သာလာလိုက်ရတာ ဘာမှန်းမသိရ ။ ရောက်လာမှ ရိပေါ်ကိုတွေ့လိုက်ရလို့ အံ့ဩသွားတဲ့အပြင် ပိုပြီးအံ့အားသင့်စေတာက ရှောင်ကျန့်ကိုပါ အတူတူတွဲပြီးတွေ့လိုက်ရတာကြောင့် ။ နှစ်ယောက်သားမျက်နှာတွေက နီးကပ်နေတာကြောင့် မကြာခင်ဘာဖြစ်တော့မယ်ဆိုတာရိပ်မိပြီး ဘာမှမတွေးမိခင်ဘေးမှာရှိတဲ့ ဟိုထျန်ကိုလက်တို့လိုက်တော့မှ အယောင်ယောင်အမှားမှားနဲ့ဟိုထျန်က ရိပေါ်ဆို ထအော်လိုက်တာ ။ သဘောမတူဘူးပြောထားတဲ့အဖေလုပ်သူကိုလှည့်ကြည့်တော့လည်း တအံ့တဩကြီးနဲ့ငေးလို့

" အဖေက ဟိုထျန့်ကိုဘယ်လိုလုပ်သိတာလည်း"

ရှောင်ကျန့်မေးတော့ မျက်နှာချင်းဆိုင်ဆိုဖာမှာဝင်ထိုင်ရင်း ပြောချင်လို့ပဲလာတာလေလို့ပြန်ပြောတယ်

" ရိပေါ်"

" ဗျာ"

ရှောင်လျိုဟန်ခေါ်တော့ ဗျာဆိုပြီးကျောကိုမတ်လို့ ထိုင်နေရာကနေ အချိုးကျအောင်ပြင်ရင်း စိတ်လှုပ်ရှားနေဟန်နဲ့ကြည့်လာတယ်

" အန့်ကယ်ကိုပြောတုန်းက အန်ကယ့်သဘောအတိုင်းဖြစ်စေရမယ်ဆို"

" ရိပေါ် အဖေကဘာတွေပြောနေတာလည်း"

ရိပေါ်မဖြေခင်မှာ ရှောင်ကျန့်က သူမသိရပဲ ရိပေါ်နဲ့အဖေလုပ်သူကြားဘာတွေဖြစ်ခဲ့လည်းဆိုတဲ့စိတ်နဲ့ အလျင်အမြန်ကြားဖြတ်မေးတော့တယ်

"ပြောခဲ့ပါတယ်ဒါပေမဲ့ ကျွန်တော်ကျန့်ကောကို လက်လွှတ်မခံနိုင်ပါဘူး အဲ့တာကြောင့်အတူတူဖြေရှင်း"

" နှစ်ယောက်ပေါင်းအားနဲ့ရောဖြေရှင်းနိုင်မယ်ထင်လို့လား"

ရိပေါ်စကားမဆုံးခင်ရှောင်လျိုဟန်ကဖြတ်ပြီးပြောလာတယ်။ကိုယ်ကိုယ်တိုင် ဝင်ပါခဲ့တာတောင်မှ ယွီရင်းနာမည်ပါလာတဲ့အခါမှာ ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ ကျောက်ကျန်းဝေအရှိန်ကြောင့် အစိုးရစုံစမ်းရေးမှုးကြီးကလက်ရှောင်ဖို့ကြိုးစားခဲ့သေးတယ်လေ ။ ကျောက်ကျန်းဝေကဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့တဲ့အပြင် အခုလက်ရှိစီးပွားရေးလောကမှာလည်းကိုယ့်လိုပဲ နာမည်တစ်လုံးနဲ့ရပ်တည်နေတာကြောင့် ကိုယ့်ထက်ကိုယ်ပိုပြီး အစိုးရပိုင်းမှာထိထိရောက်ရောက်ရှိနေတုန်းပဲ။ အခုကိစ္စမှာလည်း ရှောင်လျိုဟန်အနေနဲ့ အစိုးရစုံစမ်းရေးမှုးကြီးကို အတော်လေးပေးလိုက်မှ အဆင်ပြေပါတယ်ဖြစ်သွားခဲ့တာ။ ဒါကို တဖက်က ကျောက်ကျန်းဝေမသိသေးလို့ ။ သိသွားခဲ့လို့ တစ်ခုခုလုပ်ချင်ရင် ကိုယ်ကျွေးထားရတဲ့လူကသူ့ဘက်ပြန်ပါဦးမယ်ဆိုတာ ပြေးကြည့်စရာမလိုတဲ့အနေအထား ။ အစောပိုင်းက ကျိုးရန်နဲ့တွေ့တဲ့အချိန်မှာ ကျိုးရန်မေးခဲ့တဲ့ ကျောက်ကျန်းဝေသိလောက်လားဆိုတဲ့အမေးကို တမင်လွှဲဖြေခဲ့ပေမဲ့ တကယ်တမ်း ကျောက်ကျန်းဝေအနေနဲ့မသိစရာမရှိဘူးလို့ပဲထင်မိတယ်။ မကြာခင်ကဖြစ်သွားတဲ့ ပန်းချီကားတွေကိစ္စမှာပဲကြည့်လေ ။ တရားခံမရှာတော့ပဲ အမှုပိတ်ပြစ်လိုက်တာက သူသိကြောင်းသက်သေပဲ ။ ကိုယ့်အနေနဲ့ ဒီကိစ္စမှာဘယ်သူ့ကိုမှ မထိခိုက်အောင်လုပ်လို့မရပေမဲ့ အထိအခိုက်အနဲဆုံးဖြစ်အောင် အထူးသဖြင့် ရှောင်ကျန့်အပေါ် သက်ရောက်မှုအနဲဆုံးဖြစ်အောင်တော့ အတတ်နိုင်ဆုံးကာကွယ်ရမှာပဲ။ နောက်ကွယ်ကယွီရင်းပါဆိုတာ သူသိသွားခဲ့ရင် ဘယ်လောက်တောင်ခံစားရမလည်းဆိုတာကိုတွေးမိတော့ ဘယ်လိုကိုင်တွယ်ရပါ့မလည်းလို့ ဦးနှောက်ချောက်ခဲ့ရသေးတယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now