Unicode
" တံခါးဖွင့်စမ်း ယွီရင်း"
လော့ချထားတဲ့တံခါးကို လက်ဝါးစောင်းနဲ့တဒုန်းဒုန်းထုရင်း တံခါးဖွင့်ခိုင်းနေတဲ့ကျန်းဝေ
"မတွေ့သေးဘူးလားသော့က"
သော့သွားရှာတဲ့အိမ်တော်ထိန်းကို အခန်းရှေ့ကနေပဲအော်မေးတော့ အပြေးအလွှားရောက်လာပြီး လက်ထဲကသော့ကိုအလျင်အမြန်ကမ်းပေးလာတယ်။ အခန်းထဲဝင်တော့ မတွေ့တာကြောင့် ကျန်းဝေက Balcony ဘက်ကိုထွက်ပြီးကြည့်တဲ့အချိန်မှာ အိမ်တော်ထိန်းက ရေချိုးခန်းထဲကိုရှာတယ်
" အခန်းထဲကိုဝင်သွားတာပြန်မှမထွက်လာတာ"
အိမ်တော်ထိန်းစကားကို ကျန်းဝေလျစ်လျူရှုလိုက်ရင်း
" ရပြီ အောက်ကိုပဲဆင်းနေတော့"
အခန်းပြင်ထွက်ခိုင်းတာကြောင့် ပြန်ပြီးအထွန့်မတတ်ရဲ့တဲ့အိမ်တော်ထိန်းက တစ်ခန်းလုံးနေရာအနှံ့ရှာတာတောင် မတွေ့ရတဲ့ယွီရင်းကို ဘယ်နေရာမှာများရှာစရာကျန်နေသေးလို့ ဆရာကြီးကရှာမှာပါလိမ့်လို့ ဇဝေဇဝါနဲ့အခန်းပြင်ထွက်လို့ ပြောတဲ့အတိုင်းအောက်ထပ်ကိုဆင်းလာလိုက်တယ်။ အခန်းထဲမှာ ဘယ်သူမှမကျန်တော့မှ ကျန်းဝေက နံရံပေါ်မှာရှိတဲ့မီးစိုင်းကြိုးကိုဆွဲလိုက်ပြီးဘေးတိုက်ရွေ့သွားတဲ့နံရံကပ်ဘီရိုနောက်မှာ အခန့်သားထွက်ပေါ်လာတဲ့ တံခါးကိုဖွင့်ပြီးအထဲကိုဝင်လိုက်တယ် ။ တံခါးပေါက်ဘက်ကိုကျောပေးအနေအထားနဲ့ထိုင်နေတဲ့ယွီရင်းက တံခါးဖွင့်သံကိုမမှုသလိုစားပွဲခုံဆီသာ အာရုံစူးစိုက်ကြည့်နေတယ် ။ ပါးစပ်အဟောင်းသားနဲ့ကျန်းဝေကတော့ ဒီအခန်းရှိမှန်းသိပေမဲ့ မစပ်စုခဲ့တာကြောင့် ပထမဆုံးအကြိမ်အဖြစ်အံ့ဩနေမှုကိုမထိန်းချုပ်နိုင်ခဲ့ဘူး
"ဘာလို့ နောက်ဆုတ်မရမဲ့လမ်းကိုရွေးတာလည်းသမီး"
အဖျားမှာသမီးလို့ကြင်ကြင်နာနာခေါ်တဲ့ ကျန်းဝေက သူ့အပြစ်တွေအတွက် မျက်ရည်ကျရုံမှတပါးအခြားမရှိခဲ့ပြီ
" အဖေ့ကို ရှောင်ဟန့်ဖုန်းဆက်လို့ လျိုဟန်ဆေးရုံမှာဆိုတာသိရတယ်"
![](https://img.wattpad.com/cover/231578060-288-k370084.jpg)
BINABASA MO ANG
All of me (Unicode / Zawgyi) - Completed