Unicode
ရှောင်ကျန့်က Ideal type ပါဆိုတဲ့ အင်တာဗျူးပြီးမှ ပုံတွေထွက်လာတာ ရှောင်ကျန့်ပယောဂမှကင်းရဲ့လား !
ဘာဆိုင်လို့ရှောင်ကောကောနဲ့ဆိုင်ရမှာလည်း !
တို့မင်းသားက အရင်မင်းသမီးနဲ့ ထွက်တဲ့သတင်းတောင်သူကိုယ်တိုင်မရှင်းပဲ မင်းသမီးကိုဦးစားပေးတာမသိဘူးလား !
အဲ့ဒါနင်ထင်နေတာလေ !
ဖြူစင်တဲ့အပြုံးကို နင်မမြင်ဘူးလား ရှောင်ကျန့်ကောက ခုချိန်ထိ အရင်လို မပြောင်းလဲတဲ့စိတ်ရှိတယ် !
ငါကတော့ ဒီကိစ္စမရိုးသားဘူးလို့ သေချာပြောရဲတယ် !
" ဘာလို့အဲ့တာတွေဖတ်နေတာလည်း"
ရိပေါ်ဝင်လာတော့ Hot search ဖြစ်နေတဲ့ ဒိုရာ့သတင်းအောက်က မန့်တွေကို ဖတ်နေတဲ့ရှောင်ကျန့်ကို တွေ့ရတယ်
" ဒီတိုင်း"
ကိုယ့်ကိုစိုက်ကြည့်နေတဲ့ ရိပေါ်ရဲ့ အကြည့်စူးစူးကြောင့် ရှောင်ကျန့်ပြောမဲ့စကားတွေရပ်တန့်သွားတယ်
" မဖတ်လို့မရဘူးလား"
" ဘာလို့လည်း"
ရုတ်တရက်ကျောခိုင်းလိုက်တဲ့ရိပေါ်က ရှောင်ကျန့်အမေးကို ဘာပြန်ဖြေရမှန်းမသိတာကြောင့် မကြားချင်ယောင်ဆောင်ပြီး သန့်စင်ခန်းထဲ ခြေလှမ်းသွက်သွက်လှမ်းပြီးဝင်သွားတော့တယ်
ဒီကိစ္စကြောင့်သူ့ကိုထိခိုက်မှုရှိတာရော စဉ်းစားမိကြရဲ့လား ဒါကိုသူက နောက်ကွယ်မှာရှိနေမှာတဲ့လား မင်းတို့စဉ်းစားတတ်ကြသေးရဲ့လား !
နင်ကဘာလည်း ဘာလို့တစ်ခုခုကိုသိထားတဲ့ပုံနဲ့ တထစ်ချကြီးပြောနေတာလည်း !
ငါကတော့သူပြောတာထောက်ခံတယ် ဒီကိစ္စက ငါတို့ရှောင်ကျန့်နဲ့ မဆိုင်ဘူး !
ဖုန်းကို ဘေစင်ပေါ်တင်လိုက်တဲ့ရိပေါ်က မှန်ထဲမှာသူ့ကိုယ်သူအံ့ဩစွာ ပြန်ကြည့်မိလိုက်တယ်
" ရိပေါ် "
တံခါးခေါက်သံနောက် ကပ်ပါလာတဲ့ရှောင်ကျန့်အသံကြောင့် တံခါးဖွင့်ပြီး အပြင်ထွက်လိုက်တယ်
![](https://img.wattpad.com/cover/231578060-288-k370084.jpg)
ESTÁS LEYENDO
All of me (Unicode / Zawgyi) - Completed