Honeymoon in Milan

3.1K 287 25
                                    

Unicode

မနဲနှိုးပြီးခေါ်လာခဲ့ရတဲ့ရိပေါ်က လေယာဉ်ပေါ်ရောက်ကတည်းက တုပ်တုပ်မှမလှုပ်တော့။ ပြတင်းပေါက်မှန်ဘက်ကိုစောင်းသွားတဲ့ခေါင်းကိုကျောနောက်ကဖက်ထားတဲ့လက်တစ်ဖက်နဲ့ထိန်းကိုင်ပေးရင်း ကျန်တဲ့လက်တစ်ဖက်နဲ့ ကိုယ့်ပုခုံးပေါ်အသာမှေးချလိုက်ရတယ်

" ဘာများသုံးဆောင်ပါဦးမလည်းရှင်"

လာမေးတဲ့လေယာဉ်မယ်ကိုရှောင်ကျန့်ခေါင်းခါပြလိုက်တယ်

" ဟဲ့အဲ့ဒါ မင်းသားရှောင်ကျန့်လေ"

" အေးလေအဲ့တာဘာဖြစ်လည်း"

လေယာဉ်မယ်တစ်ယောက်ရဲ့စကားကို အခြားတစ်ယောက်ကတုံ့ပြန်တော့

" ဟိုဘက်ကသူ့ရဲ့သက်တော်စောင့်လေ အခုကဘယ့်နှယ့်ကြောင့် မင်းသားကသက်တော်စောင့်ပုံပေါက်နေရတာလည်း"

သူမပြောမှကျန်တဲ့တစ်ယောက်ကသတိထားလိုက်မိပြီး

" မသိဘူး နှစ်ယောက်လုံးချောတယ်"

မချိုမချဉ်ပြုံးနေရင်း ချောတယ်လို့ပြောခဲ့တဲ့လေယာဉ်မယ်ကပဲ တဆက်တည်းမှာ

" နင်တို့မသိဘူးလားဟဲ့ သူတို့နှစ်ယောက်ကို CP နေကြတာလေ"

" အေးသိသလိုပဲ ပြီးတော့ငါအနံ့တွေရနေတယ်နော် ရှောင်ကျန့်က သက်တော်စောင့်ကိုကြင်ကြင်နာနာကြီးကြည့်ပြီးပြုံးနေတာ ပြီးသူတို့နှစ်ယောက်ထဲနော် မန်နေဂျာတောင်မပါဘူး"

" သေချာပါတယ်ဟယ် ခဏနေရင် နင်မသွားနဲ့ ဘာလိုအပ်လည်းလို့ငါသွားမေးဦးမယ် အဲ့လောက်ချောတဲ့နှစ်ယောက်ကိုအနီးကပ်ကြီးမြင်ရမဲ့အခွင့်အရေး ငါလက်မလွှတ်နိုင်ဘူး"

ဘာမှမလိုအပ်ပါဘူးဆိုတာကို တစ်ယောက်တစ်လှည့်လာမေးနေကြတဲ့လေယာဉ်မယ်နှစ်ယောက်ကြောင့် ရှောင်ကျန့်ခပ်ဖွဖွပြုံးတယ်

" ကျွန်တော်တစ်ခုခုလိုအပ်ရင်ခေါ်လိုက်ပါ့မယ်နော် ကျေးဇူးတင်ပါတယ်"

မတတ်သာတဲ့အဆုံးလိုအပ်ရင်ခေါ်ပါ့မယ်လို့ပြောပါမှ လာမေးခြင်းအမှုရပ်သွားတော့တယ် ။သူတို့လုပ်တာနဲ့ရိပေါ်ကနိုးတော့မှာသေချာနေတယ်လေ။ အိပ်ရေးမဝရင် စိတ်မကြည်တတ်တာနဲ့စိတ်ဆတ်တတ်တာကိုခုနောက်ပိုင်းပိုပြီးသတိထားမိလာခဲ့တာ

All of me (Unicode / Zawgyi) - CompletedDonde viven las historias. Descúbrelo ahora