Unicode
" ငါ့တူ ငါ့တူ နေဦး"
ရိပေါ် ရှောင်ကျန့်တိုက်ခန်းဆီလျှောက်လာနေတုန်း နောက်ကနေ အပြေးလိုက်လာတဲ့ လုံခြုံရေးဦးလေးကြီး
" ဦးလေး ဘာများထူးခြားတာရှိလို့လည်း"
" အော မင်းသားလေ CCTV မှတ်တမ်းလာကြည့်မယ်ဆိုတာ မကြည့်သေးလို့ "
" ကြည့်ပြီးပြီလေ ကျွန်တော်တို့ ဟိုတစ်ခါပြောတဲ့နေ့ကတည်းက တန်းပြီးကြည့်လိုက်တာ"
" ဟိုတစ်ခါပြောတဲ့နေ့"
တစ်ချက်စဉ်းစားတဲ့ ဦးလေးကြီးက
" မဟုတ်ဘူးလေ တနေ့ကမှ ဦးလေးမင်းသားဆီပို့လိုက်တာ "
" ဗျာ တနေ့က"
အံ့ဩဟန်နဲ့ပြန်မေးတဲ့ ရိပေါ်ကို ကြည့်လို့ဦးလေးကြီးကဖြေလိုက်တယ်
" ဟုတ်တယ် ငါ့တူကိုမင်းသားက မပြောဖြစ်တာနေမယ်"
ဓါတ်လှေကားထဲဝင်ပြီး ဆယ်လွှာခလုတ်ကိုမနှိပ်မိတဲ့ရိပေါ်က နားထဲမှာဦးလေးကြီးစကားသံတွေသာ တဝဲလည်လည်နဲ့ ။
ဒါဆို ဟိုတစ်ရက်က ထပ်ပြီးရတာကိုကျန့်ကောက ငါ့ကိုမပြောခဲ့ထားခဲ့တာပေါ့ ။ ဘာလို့များပါလိမ့်ဆိုတဲ့အတွေးနောက် ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့လူတစ်ယောက်လို အတွေးတွေက တောင်စဉ်ရေမရနဲ့" ဘယ်နှစ်လွှာလည်း"
ခလုတ်မနှိပ်မိတာကြောင့် ပထမထပ်မှာရပ်နေတဲ့ ဓါတ်လှေကားက တံခါးပြန်ပွင့်သွားပြီး ဒီအဆောက်အဦးမှာနေပုံရတဲ့ နောက်ထပ်ဝင်လာတဲ့အမျိုးသမီးကမေးလာတယ်။ မေးလာသံကြားမှ သတိဝင်လာတဲ့ ရိပေါ်က ပြုံးရုံပြုံးပြလိုက်ပြီး လက်ကတစ်ဆယ်ဂဏန်းဆီနှိပ်လိုက်တယ်
" ရိပေါ် တစ်ခုခုရှိလို့လား"
" ဟင် ဘာမေးလိုက်တာလည်း"
ကိုယ့်ဆီရောက်လာပြီး ဘာစကားတခွန်းမှ ရေရေရာရာပြောမလာခဲ့သလို ကားပေါ်ရောက်တဲ့အထိ တိတ်ဆိတ်နေတာကြောင့် တစ်ခုခုဖြစ်နေတယ်အထင်နဲ့ ရှောင်ကျန့်မေးလိုက်မိတယ်
" ဘာကိစ္စရှိလို့လည်း တစ်ခုခုရှိတယ်မလား"
" မရှိပါဘူး"
KAMU SEDANG MEMBACA
All of me (Unicode / Zawgyi) - Completed