There is no other way

2.3K 295 29
                                    

Unicode

" ဥက္ကဋ္ဌကြီး အမျိုးသမီးဧည့်သည်တစ်ယောက်ကတွေ့ခွင့်တောင်းပါတယ်"

ခရီးကပြန်လာတဲ့ ရှောင်လျိုဟန်က လက်စသတ်ရမဲ့အလုပ်တွေအတွက် အချိန်ပေးပြီးအလုပ်ရှုပ်နေတယ် ။ ရုံးခန်းထဲတံခါးခေါက်လို့ဝင်လာတဲ့အတွင်းရေးမှုးစကားအဆုံးမှာ တစ်ချက်စဉ်းစားလိုက်တော့လည်း ဒီနေ့အတွက် ဘာအပွိုင့်မင့်မှ ယူမထားမိ

" ဘယ်သူလည်း ကြိုချိန်းမထားဘူးမလား"

" ဟုတ်ကဲ့ ချိန်းထားတာမရှိပါဘူး"

" အဲ့ဒါဆိုလည်းအပွိုင့်မင့်ယူပြီးမှပြန်လာခိုင်းလိုက်"

" ဟို"

စားပွဲပေါ်ကစာရွက်စာတန်းတွေဆီ ပြန်ပြီးအာရုံစိုက်မယ်ကြံတုန်း အတွင်းရေးမှုးရဲ့ဟိုဆိုတဲ့စကားကြောင့် ခေါင်းပြန်မော့လို့ ဘာလည်းလို့မေးလိုက်တယ်

" အရေးတကြီးပြောစရာရှိလို့ တွေ့မှဖြစ်ပါ့မယ်တဲ့ ဝမ်ရိပေါ်နဲ့သက်ဆိုင်တယ်လို့ပြောခိုင်းပါတယ်"

ရှောင်လျိုဟန်မျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း

" ခေါ်ခဲ့"

ရှောင်ဟန့်တစ်ယောက် ဥက္ကဋ္ဌကြီးရုံးခန်းအတွင်းဝင်မယ်ဟန်ပြင်တုန်း အခန်းရှေ့မှာရှိတဲ့ အတွင်းရေးမှုးစားပွဲဆီမှာထိုင်နေတဲ့အတွင်းရေးမှုးက မတ်တပ်ရပ်နှုတ်ဆက်ရင်း

" ဥက္ကဋ္ဌကြီး ဧည့်သည်နဲ့စကားပြောနေပါတယ် ဒုဥက္ကဋ္ဌ"

အလုပ်ကိစ္စဆွေးနွေးဖို့ရာ ခေါ်ထားတုန်းက ဧည့်သည်လာမယ်လို့ မပြောခဲ့တာကြောင့်

" ဧည့်သည် ကိုယ့်ကိုယ်ဒီအချိန်လာခဲ့ဖို့ခေါ်ထားတာ ဘယ်သူရောက်နေတာလည်း"

" ဝမ်..."

" ဒုဥက္ကဋ္ဌ"

အတွင်းရေးမှုးစကားအစမှာတင် အနောက်နားကနေ ခေါ်လိုက်တဲ့ ပရောဂျက်ဒါရိုက်တာကြောင့် ရှောင်ဟန့်အာရုံတွေက သူ့ဆီရောက်သွားတယ်

" ပြန်လာပြီလား လုပ်ငန်းအခြေအနေရော"

" အချိန်ရလား အေးဆေးပြောလို့"

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now