Unicode
" ထူးထူးဆန်းဆန်း ဘာကိစ္စလည်း"
ရှောင်ဟန့်အစည်းအဝေးကထွက်လာပြီးရုံးခန်းထဲဝင်ဝင်ချင်း သူ့ကိုစောင့်နေတဲ့ ရှောင်ကျန့်ကိုတွေ့ရတယ်
" အကူအညီတောင်းစရာရှိလို့"
ဟက်ခနဲရယ်တဲ့ရှောင်ဟန့်က ထိုင်ခုံမှာ ဟန်ပါပါဝင်ထိုင်းရင်း ဆက်ပြောဆိုတဲ့သဘောနဲ့ မျက်ခုံးပင့်ပြတယ် ။ ရှောင်ကျန့်က လက်ထဲက ဖိုင်တွဲတစ်ခုကိုကမ်းပေးလိုက်တယ် ။ ရှောင်ကျန့်ကမ်းပေးတဲ့ အချက်အလက်အနည်းငယ်သာပါတဲ့ဖိုင်တွဲက နှစ်မိနစ်မပြည့်ခင် ဖတ်လို့ပြီးသွားရတယ်
"ဘာအကူအညီတောင်းချင်တာလည်းလို့မပြောပဲ ငါကကူညီရင်ရော ဘာပြန်ရမှာလည်းဆိုပြီး ကမ်းလှမ်းသင့်တာမဟုတ်ဘူးလား"
" ကြိုက်တာပြော"
မျက်ခုံးတွေပင့်တတ်သွားရသူက ရှောင်ဟန့်
" ရိပေါ်ကလွဲလို့"
ရှောင်ကျန့်က ဆိုလိုရင်းကို ရောက်အောင် တစ်ခါတည်းဆက်ပြောလိုက်ရတယ်
" အဲ့ဒါဆို ပြန်တော့ အကူအညီအပေးနိုင်ဘူး"
" အကို ရိပေါ်ကိုတကယ်မချစ်ပဲကျွန်တော့်ကြောင့် ကျွန်တော့်ကို အကို့လိုခံစားစေချင်လို့လုပ်နေတယ်ဆိုတာ သိနေပြီးသားပဲဟာ ရိပေါ်ထက် အကိုသိချင်တဲ့လွန်ခဲ့တဲ့နှစ်နှစ်ကအကြောင်းကို ကျွန်တော်ကပြောပြမယ်ဆိုရင်ရော"
" ဘာလည်း မင်းနဲ့ Rumor ထွက်နေကာမှ ငါ့လက်ထဲပြန်ထိုးထဲ့ပေးဖို့ စိတ်ကူးနေတာလား "
" အဲ့ဒီ Rumor လောက်က အကို့အကူအညီမလိုပဲ ခုချက်ချင်းကောက်ရှင်းလို့ရတယ်"
ယုံကြည်ချက်အပြည့်နဲ့ ပြောလာတဲ့ ရှောင်ကျန့်က စကားတင်မဟုတ်ပဲ အမူအရာကလည်း ဟုတ်မှန်ကြောင်းထောက်ခံနေတယ်
"စဉ်းစားပေးမယ်"
" အချိန်မရှိဘူး ခုဆုံးဖြတ်ပေး"
ရှောင်ဟန့် အရှေ့မှာရှိတဲ့ ဖိုင်တွဲကို လက်နဲ့ခေါက်ရင်း စဉ်းစားဟန်ပြုတယ် ။ တကယ်တော့ စဉ်းစားဟန်ပြုတယ်ဆိုတာ ဟန့်ကိုယ့်ဖိုရယ်သက်သက်ပါပဲ။ ရှောင်ကျန့်အရှေ့ ကိုယ့်ရဲ့ ပြင်းပြနေတဲ့သိချင်စိတ်ကို ဖုံးကွယ်ထားချင်လို့
ESTÁS LEYENDO
All of me (Unicode / Zawgyi) - Completed