Unicode
" လာပေးတာကျေးဇူးတင်ပါတယ် ရှောင်ကျန့်"
" ကျွန်တော်တို့လာကြည့်ရမဲ့ဝတ္တရားလည်းရှိပါတယ် အရင်ကတည်းကလာခဲ့သင့်တာပါ"
သမီးစိတ်နဲ့မို့ထင်ပါရဲ့ ။ ကျောက်ကျန်းဝေလည်းဒီအချိန်အတွင်းမှာ အိုစာသွားခဲ့တယ် ။ ရှောင်ကျန့်ကတော့ အတိတ်တွေကိုမတွေးတော့ပဲ ပစ္စုပန်မှာရိပေါ်နဲ့အတူတူရှိနေပြီး အနာဂတ်ရဲ့ နေ့ရက်တိုင်းထဲမှာလည်း ရိပေါ်ပါနေဖို့ကိုသာအားခဲနေတော့တယ်
" အခုတလောဒီလိုပဲ ခဏခဏပြန်ဖြစ်နေတာလေ"
လူနာကုတင်ပေါ်မှာလဲလျောင်းနေတဲ့ ယွီရင်းကရော ဘာထူးမှာတဲ့လည်း ။ တစ်ချိန်တုန်းကတောက်ပပြီး ကိုယ်ပိုင်အလင်းရောင်နဲ့လင်းလက်နေခဲ့တဲ့သူမက ခုချိန်မှာတော့ ဒါကနာမည်ကြီးပန်းချီဆရာမယွီရင်းပါလို့ ကျိန်ဆိုပြီးပြောမှသာယုံကြည်ကြတော့မယ်ထင်တယ် ။ ရှောင်ကျန့်စိတ်မသက်မသာနဲ့ သက်ပျင်းကိုချရင်း
" အန်ကယ်လည်းကျန်းမာရေးဂရုစိုက်ပါ အဖေတို့လည်းမျှော်နေပါတယ်"
ရှောင်မိသားစုက အရာရာကို ပြည်ဖုံးကားချပြီးခွင့်လွှတ်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်အရှိဆုံးလူတစ်ယောက်လို့ခံယူထားပုံရတဲ့ ကျောက်ကျန်းဝေကတော့ စိတ်အကျဉ်းကျနေတုန်းပဲ
" အန်ကယ့်ကိုဖုန်းဆက်ကြတယ် အန်ကယ်စိတ်အဆင်သင့်ဖြစ်တဲ့အခါ လာတွေ့ပါဦးမယ်"
နှုတ်ဆက်လို့ပြန်လာခဲ့တဲ့လမ်းတစ်လျှောက် ရိပေါ်ကငြိမ်သက်နေခဲ့တယ်
" ရိပေါ် ဘာတွေတွေးနေတာလည်း"
" အမယွီရင်းအကြောင်းပါ"
ရှောင်ကျန့်ကားမောင်းနေရာက လက်တစ်ဖက်ကိုရိပေါ်ရှေ့ထိုးပေးလိုက်တော့ အလိုက်သင့်ပဲလက်တစ်ဖက်နဲ့ပြန်အုပ်ကိုင်လာပေးတယ် ။ အခုနောက်ပိုင်းတော့ အရင်လောက် အရှက်သည်းတာမျိုးနဲ့ မနေတတ်မထိုင်တတ်တာမျိုး မဖြစ်တော့ပဲ နေသားကျလာပုံပါပဲ။ သူဒီလိုနေသားကျလာဖို့ တစ်ဖက်မှာလည်း ရှောင်ကျန့်ဘယ်လောက်တောင်အချိန်ပေးခဲ့ရလည်းဆိုတော့ နဲမှမနဲတာ
YOU ARE READING
All of me (Unicode / Zawgyi) - Completed