💚❤️Full house 🏠 Ep1

10K 301 8
                                    

Unicode🌸🌸🌸🌸

Xiao Zhanတစ်ယောက် ရေးလက်စmanhuaကို လက်စသတ်လိုက်ပြီး သန့်ရှင်းရေးလုပ်ဖို့ပြင်လိုက်တယ်။

ဒီအိမ်ကြီးထဲမှာ Xiao Zhan တစ်ယောက်တည်း နေလာခဲ့တာ ‌မိဘနှစ်ပါး ကားaccidentနဲ့ဆုံးသွားပြီးကတည်းကဆိုတော့ အတော်ပင်ကြာနေပြီလေ။
Xiaoပါးပါး ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးဆောက်ခဲ့တဲ့ ဒီအိမ်ကြီးကို သူအရမ်းတန်ဖိုးထားတယ်။ဒါကသူ့ရဲ့ကျန်ရှိ‌တဲ့နောက်ဆုံးသော အဖော်မဟုတ်ပါလား။

" ဟူးး ပင်ပန်းလိုက်တာ "

Xiao Zhan တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ပြီးချိန်မှာတော့ ခြေကုန်လက်ပန်းကျပြီလေ။ဆိုဖာပေါ် ပစ်ထိုင်လိုက်ပြီး အမောဖြေနေစဉ်

"ting tong..ting tong"

အိမ်ရှေ့ လူခေါ်ဘဲတီးသံကြားလို့ သွားကြည့်လိုက်တော့ HaoXuan နဲ့ အစ်ကို JiYang

"ဟာ အစ်ကို Jiyang တို့ပါလား လာလေ"

"အစ်ကိုတို့ကလည်း ပျောက်ချက်သားကောင်းနေလိုက်တာ အခုမှဘဲပေါ်လာတော့တယ် ဘာလဲနှစ်ယောက်တည်း ခရီးတွေဘာတွေသွားပြီး ချစ်ကြည်နူးတစ်တီတူးလုပ်နေကြတာမလား ကိုယ့်ညီလေးတောင်မခေါ်ဘူးပေါ့" Xiao Zhanပြောလိုက်တော့ အစ်ကိုJiyangက

"မဟုတ်ပါဘူး Zhan Zhanရယ် အစ်ကိုတို့လည်းအလုပ်ရှုပ်နေလို့ပါကွာ ဒါနဲ့မင်းရော အခုတလောဘာတွေလုပ်နေလဲ"

" ဒီလိုပဲပေါ့အစ်ကိုရာ ပန်းချီလေးဆွဲလိုက် အိမ်သန့်ရှင်းရေးလုပ်လိုက်နဲ့ တစ်နေ့တာကုန်သွားတာပါပဲ "

"ဒါနဲ့ HaoXuan မင်းငါ့အစ်ကိုကို သေချာရောဂရုစိုက်ရဲ့လား "

"မင်းကလည်းကွာ ဂရုမစိုက်ဘဲနေမလားကွ
ငါမိန်းမလေးပဲကို နော် မွမွ" HaoXuanပြောရင်း အစ်ကိုJiYangအားလှမ်းနမ်းလိုက်တယ်။

Xiao Zhanလည်းအမြင်ကပ်တာနဲ့ မီးဖိုခန်းထဲသွားပြီး စားစရာသွားယူလိုက်တယ်။

"ရော့ ဒီမှာအသီးစားကြအူး"

" ဟာ ဒီတစ်ယောက်ကလည်း dating rumorတွေထွက်လာပြန်ပြီ ဒီတစ်ခါလည်းဘယ်သူနဲ့လည်းမသိပါဘူး "HauXuanပြောရင်း အသီးစားနေလိုက်တယ်။

Full houseWhere stories live. Discover now