💚❤️Full House🏠 Ep18

1.1K 107 11
                                    

Unicode💚❤️💚❤️

XiaoZhanမနက်စာပြင်နေတုန်း Yiboအပေါ်ထပ်ကဆင်းလာပြီး XiaoZhanဘေးတွင်ဝင်ရပ်သည်။

"Yiboလာပြီလား ခဏနေစားလို့ရပြီ"

"Zhan geကျွန်တော်ဒီနေ့မနက်စာမစားတော့ဘူး သွားစရာရှိလို့"

"ဟမ် အရေးကြီးကိစ္စရှိလို့လား"

"ဒီလိုပါပဲ ကျွန်တော်သွားပြီနော်"

"အင်းအင်း"

XiaoZhan Yiboကျောပြင်ကိုကြည့်ရင်းသက်ပြင်းချမိသည်။

Yiboဒီနေ့မျက်နှာသိပ်မကောင်း‌ပေ ။ဝတ်ထားတာကလည်း အပေါ်အောင်အနက်ရောင်ဝမ်းဆက်။ဘာကိစ္စတွေရှိနေလို့လဲ။Yiboကသူ့အကြောင်းတွေကို XiaoZhanအားဘာတစ်ခုမှမပြောပြသဖြင့် မသိရ။

"ဟူးး"

XiaoZhanလည်းတစ်ယောက်တည်းမနက်စာစားလိုက်ပြီးနောက် ပန်းကန်တွေဆေးနေလိုက်သည်။ထိုစဉ် ကျင်းကော်ရောက်လာပြီးခြေထောက်အားပွတ်သပ်နေသည်။

"ကျင်းကော် ဖေ့သမီးလေး ဗိုက်ဆာနေပြီလား"

XiaoZhanပန်းကန်ဆေးခြင်းအမှုကိုမြန်မြန်လက်စသတ်လိုက်ပြီး ကျင်းကော်အားကောက်ပွေ့လိုက်သည်။

"ဗိုက်ဆာနေပြီလား ကျွေးရမှာပေါ့"

XiaoZhan ကြောင်စာအချို့နဲ့နွားနို့ခွက်ယူလိုက်ပြီး ကျင်းကော်နှင့်အတူဧည့်ခန်းဘက်ကိုထွက်လာလိုက်သည်။ကျင်းကော်ကိုဆိုဖာပေါ်တင်ပေးလိုက်ပြီး

"ဒီမှာပဲနေနော် ပါး သန့်ရှင်းရေးလုပ်လိုက်ဦးမယ်"

နာရီအနည်းငယ်ကြာတော့ အိမ်ရှေ့ကဘဲလ်တီးသံကြားရ၍ XiaoZhanသွားဖွင့်ပေးလိုက်သည်။

"ဘယ်သူပါလဲ"

"Wangအိမ်တော်က ဖွားဖွားကလွှတ်လိုက်လို့ပါ Xiaoအစ်ကိုလေးကိုခေါ်ခိုင်းလိုက်လို့ပါ"

"အာ ခဏလေးစောင့်ပါဦးဗျ"

XiaoZhanလည်း အမြန်အဝတ်အစားလဲကာ လာခေါ်ရနောက်လိုက်သွားရသည်။
Wangအိမ်တော်ကိုရောက်တော့ ဖွားဖွားကဧည့်ခန်းမှာထိုင်နေပြီး ချည်ထိုးနေလေသည်။

XiaoZhanလည်းဖွားဖွားနားဝင်ထိုင်လိုက်ပြီး

"ဖွားဖွား ကျွန်တော်ရောက်ပြီ"

Full houseDonde viven las historias. Descúbrelo ahora