💚❤️Full House🏠 Ep5

1.4K 136 9
                                    

Unicode💚❤️💚❤️

မနက်ရောက်တော့ Yibo မျက်နှာသစ်၊သွားတိုက်ပြီး ဆန်ပြုတ်ပြုတ်နေလိုက်သည်။

ဆန်ပြုတ်ပြုတ်ပြီးတော့ အနည်းငယ်ကိုပန်းကန်ထဲထည့်ကာ Xiao Zhanရှိရာသို့ယူလာခဲ့ပြီး စားပွဲပေါ်တင်ထားလိုက်သည်။

နဖူးပေါ်လက်တင်ကာစမ်းကြည့်တော့ အဖျားမရှိတော့ပေမဲ့ ကိုယ်ငွေ့လေးကတော့ နည်းနည်းနွေးနေသေးသည်။

Yiboလည်းစိတ်ပူစရာမရှိတော့တာကြောင့် နည်းနည်းစိတ်အေးသွားသည်။

ခဏနေတော့ Yiboဖုန်းနံပါတ်တစ်ခုဆီဆက်လိုက်ကာ

"Hello, ZuoChengလား ငါ့အတွက်အိမ်အကူရှာပေးပါ"

"******"

"Ommအိမ်မှာတော့ပေးမနေဘူး"

"******"

"Ommထမင်းချက်ရုံ၊သန့်ရှင်းရေးလုပ်ရုံပဲ"

"******"

"Omm အာ့ဆိုငါအပြင်သွားရတော့မှာမို့ ဒါပဲနော်"

Yiboအပြင်မသွားခင်‌ Xiao Zhanအားတစ်ချက်ကြည့်ကာ ကိုယ်ပူမပူစမ်းသွားသေးသည်။ပြီးမှသာ အပြင်ထွက်သွားသည်။

Yiboအပြင်ထွက်သွားမှ အိပ်ချင်ယောင်ဆောင်နေသော Xiao Zhan မျက်လုံးဖွင့်လာသည်။

အိပ်ရာမှထကာ မျက်နှာသစ် သွားတိုက် အဝတ်အစားလဲပြီး Yiboပြင်ပေးခဲ့သည့် ဆန်ပြုတ်ကို တစ်ခါတည်းကုန်အောင်စားပစ်လိုက်သည်။ပြီးနောက် မီးဖိုချောင်မှာ ဆေးစရာရှိတာဆေး၊ရှင်းစရာရှိတာများကိုရှင်းလိုက်သည်။

ထို့နောက်တွင်တော့ တစ်အိမ်လုံးသန့်ရှင်းရေးလုပ်လိုက်သည်။အားလုံးပြီးစီးသွားတော့ ညနေတောင်ရောက်တော့မည်။အဲ့လိုနဲ့ Xiao Zhanလည်း ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ခဏကြာတော့ ကားသံကြားသဖြင့် Yiboပြန်လာမှန်းသိတော့ ဆိုဖာပေါ်တက်ကာ စောင်ခြုံပြီးအိပ်ချင်ယောင်ဆောင်နေလိုက်သည်။

Yiboအိမ်ထဲရောက်ရောက်ချင်း Xiao Zhanဆီသွားကာ အပူချိန်စမ်းလိုက်သည်။*ပုံမှန်ပါပဲ* Yibo မီးဖိုချောင်ဆီအကြည့်အရောက် မီးဖိုချောင်ပတ်ဝန်းကျင်ရော တစ်အိမ်လုံးပါ သန့်ရှင်းနေကြောင်းသတိထားမိလိုက်သည်။

Full houseWhere stories live. Discover now