💚❤️Full House 🏠Ep8

1.3K 119 3
                                    

Unicode💚❤️💚❤️

သတင်းစာရှင်းလင်းပွဲပြီးတော့ Yiboက XiaoZhanအား Spaမှာထားကာထွက်သွားသည်။မသွားချင်ဘူးပြောတာကိုမရ။စူပါစတားတစ်ယောက်နဲ့လက်ထပ်မဲ့သူက အသားအရည်လှပနေရမည်ဟုဆိုကာ ထားသွားခြင်းပင်။XioaZhanသူ့အလှည့်မရောက်သေးသဖြင့် ခုံတစ်ခုံတွင်ဝင်ထိုင်လိုက်သည်။

"ဟဲ့ Yiboနဲ့လက်ထပ်မယ့်သူကလေ အရပ်အရှည်က ကလန့်ကလားကြီးဟ"

"ဟုတ်ပါ့ဟယ် ဘာတွေများစားထားလို့အဲ့လောက်ရှည်နေတာလဲမသိပါဘူး"

"Yiboနဲ့လည်းမလိုက်ပါဘူး သူ့ကိုဘာကြည့်ကြိုက်လဲမသိဘူး"

"အမယ် နင်မနာလိုနေတာမလား ဟိုကယုန်သွားလေးတွေနဲ့ချစ်စရာလေးပါနော်"

"ဟုတ်တယ်လေ မနာလိုနေတာ အားလည်းကျတယ် လာသွားရအောင်"

XiaoZhan သူ့ကောင်မလေးနှစ်ယောက်ရဲ့စကားတွေကိုအတိုင်းသားကြားနေရသည်။ကောင်မလေးနှစ်ယောက်ကတော့ သူ့ကိုသတိထားမိပုံမပေါ်။

"ဘာကိုကလန့်ကလားကြီးလဲ သူတို့ကလူစဉ်မမီပဲပုနေတာလေ ငါလေးကအရပ်က‌လည်းရှည်၊ချစ်ဖို့ကလည်းကောင်းဆိုတော့ မနာလိုနေကြတာပေါ့ ဒါတွေကငါလေးကိုဘုရားပေးတဲ့ဆုတွေလေ မင်းတို့ကတော့နောင်ဘဝအတွက်ဆုတောင်းပေါ့ ငါတော့ပြည့်မယ်မထင်ဘူး" XiaoZhanတစ်ယောက်တည်း တိုးတိုးလေးရေရွတ်လိုက်သည်။

"ဘာတဲ့ Yiboနဲ့မလိုက်ပါဘူးတဲ့ ငါလေးကပိုနစ်နာပါတယ်နော် အဲ့အကောင်ပေါက်က လူကိုမထင်ရင်မထင်သလိုပြောဆိုနေသေးတာ"
XiaoZhanတစ်ယောက်ထဲရေရွတ်နေချိန် ဝန်ထမ်းကောင်မလေးလာခေါ်သဖြင့် လိုက်သွားရလေသည်။

အိမ်ပြန်ရောက်တော့ အိမ်ထဲဝင်မယ်အလုပ်
ခြံထဲကိုကားတစ်စီးဝင်လာသဖြင့် ရပ်ကြည့်နေမိသည်။ကားပေါ်ကာဆင်းလာသူကတော့ တခြားသူမဟုတ် Yiboအမေပင်။

အိမ်ထဲရောက်တော့

"မားက Yiboမားမားပါ"

"ဟုတ် ဓာတ်ပုံထဲမှာမြင်ဖူးပါတယ်"

"အေးကွယ် Yiboအဖွားက သူ့မြေးရဲ့မင်္ဂလာသတင်းကြားတော့ ဘာမှမတိုင်ပင်လို့စိတ်ဆိုးနေတယ်"

Full houseDonde viven las historias. Descúbrelo ahora