💚❤️ Full House🏠Ep7

1.4K 141 12
                                    

XiaoZhanခုံတန်းလေးကထထွက်လာပြီး ဟိုကြည့်ဒီကြည့်လုပ်နေတုန်းShinYiကပြေးထွက်လာပြီး Xiao Mingကလည်းနောက်မှ အမြန်လိုက်သွားသောကြောင့် ဘာဖြစ်တာလဲသိချင်၍ အနောက်ကလိုက်သွားမိသည်။

ShinYiက Yiboအားသူ့ကိုချစ်နေလား မချစ်ဘူးလားဆိုတာ မေးနေသည်တဲ့။ရုတ်တရက်ဆန်လွန်းတဲ့ ShinYiရဲ့ လုပ်ရပ်ကြောင့် အံ့ဩကာ ဘာဆက်ဖြစ်မလဲစောင့်ကြည့်နေစဉ် ကြားလိုက်ရတဲ့စကားကြောင့်Xiao Zhan ကြက်သေသေသွားမိသည်။

"ငါမင်းကိုချစ်တယ် XiaoZhan"

ShinYiအနောက်မှာရှိနေတဲ့ XiaoZhanအားလှမ်းဆွဲလိုက်ကာ နှုတ်ခမ်းနှစ်စုံအားပူးကပ်စေလိုက်သည်။

*ဘာတွေဘယ်လိုတွေဖြစ်ကုန်တာလဲ*XiaoZhanစိတ်ထဲ ဗြောင်းဆန်နေသည်။

Yiboကတစ်အောင့်လောက်ကြာမှ ပူးကပ်ထားသောနှုတ်ခမ်းနှစ်စုံကိုပြန်ခွာလိုက်ပြီး
သတင်းထောက်တွေဘက်လှည့်ကာပြောလိုက်သည်။

"သူက ကျွန်တော်ချစ်ရတဲ့သူပါ အကြောင်းစုံကို နောက်ရက်ကျရင် သတင်းစာရှင်းလင်းပွဲ လုပ်ပေးပါ့မယ် အခုတော့သွားခွင့်ပြုပါဦး"

Yibo ပြောပြီးနောက် XiaoZhanလက်ကိုဆွဲကာ ထွက်လာခဲ့သည်။ShinYiမှာမျက်နှာပျက်နေပြီး XiaoMingကတော့ တစ်ခုခုကိုတွေးတောနေပုံပင်။

.....................,......

အိမ်ပြန်သည့်လမ်းတစ်လျှောက် ဘယ်သူမှစကားမဟခဲ့‌သော်လည်း XiaoZhan စိတ်ထဲတွင်တော့ အခုထိဘာတွေဘယ်လိုဖြစ်သွားမှန်း နားမလည်နိုင်သေးပေ။

အိမ်ရောက်တော့ Yiboဘာမှမပြောဘဲ အပေါ်တက်ရန်ပြင်နေစဉ် အနောက်ကကြားလိုက်ရတဲ့အသံကြောင့် ရပ်လိုက်သည်။

"မင်းရူးနေတာလား မင်းအခုဘာလုပ်လိုက်တယ်ဆိုတာရော သိရဲ့လား"

Yiboပြန်မဖြေ။

"မင်းကရူးနေတာပဲ ဒါပေမဲ့ မင်းရဲ့အရူးလုပ်ရပ်တွေထဲ ငါ့ကိုဆွဲသွင်းလို့မဖြစ်ဘူးလေ ဟမ်"

"စိတ်အေးအေးထားပါ ဒီကိစ္စကိုမနက်မှပြောရအောင် ကျွန်တော်အခုနားချင်ပြီ"

Yiboပြောပြီးပြီးချင်း အပေါ်တက်လာခဲ့သည်။

"အရူးကောင်" XiaoZhan ရေရွတ်လိုက်သည်။

Full houseWhere stories live. Discover now