💚❤️Full House🏠Ep20

1.2K 110 8
                                    

Unicode 💚❤️💚❤️

XiaoZhanငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံးဆုံးသွားခဲ့တာကြောင့် သူ့မှာအားကိုးရာဟူ၍မရှိခဲ့ပေ။Jiyangတစ်ယောက်ကသာ သူ့ရဲ့အားကိုးရာဖြစ်ခဲ့သည်။တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါ Jiyangကလည်းသူ့အလုပ်နဲ့သူမို့ XiaoZhanအားသိပ်အချိန်မပေးနိုင်တော့သလို XiaoZhanကလည်း တစ်ယောက်တည်းနေသားကျလာခဲ့သည်။

အခုလိုတစ်ယောက်တည်းနေသားကျနေတဲ့ XiaoZhanဘဝထဲကို Wang Yiboဆိုတဲ့ခပ်ချေချေအဆိုးအဆာလေးတစ်ယောက်ဝင်ရောက်လာခဲ့တယ်။အဲ့ဒီနေ့ကစပြီး XiaoZhanကမ္ဘာလေးကပြန်ပြီးစိုပြည်လာသလို သူ့ပါးပါးအမွေပေးခဲ့တဲ့ Full Houseလေးဟာလည်း Yiboရောက်လာတဲ့အချိန်မှ အသက်ဝင်လာခဲ့တယ်။စကားများသံ၊ရန်ဖြစ်သံ၊ရယ်မောသံတွေအပြည့်နှင့်။

Wang Yiboဆိုတဲ့ကောင်လေးဟာ အပြင်ပန်းကြည့်ရင် အေးတိအေးစက်နိုင်ပေမဲ့ အတွင်းစိတ်ကတော့ အင်မတန်မှနူးညံတဲ့ကလေးတစ်ယောက်ပင်။တစ်ခါတစ်ခါကျ ကလေးဆိုးကြီးလို ဆိုးတတ်ပေမဲ့ တစ်ခါတစ်လေကျလည်း လူကြီးတစ်ယောက်လို ရင့်ကျက်နေပြန်တယ်။ဒီကောင်လေးနဲ့သာဆို သူ့တစ်ဘဝလုံးပျော်ရွှင်နိုင်လိမ့်လို့ XiaoZhanတွေးခဲ့ဖူးတယ်။

အဲ့ဒီကောင်လေး သူ့အပေါ်ကောင်းကောင်းဆက်ဆံရင် သူပျော်သည်။ဒီလိုမျိုး ကိုယ့်အပေါ်ကောင်းဖန်များလာရင် အဲ့ဒီလူအပေါ် မှီခိုချင်တတ်ကြတာဟာ လူ့သဘာဝမဟုတ်လား။XiaoZhanဟာလည်းလူသားတစ်ယောက်မို့ Yiboအပေါ်မှီခိုအားကိုးလိုက်ချင်သည်။

ဒါပေမဲ့ အရာအားလုံးဟာ နှစ်နှစ်ကြာတဲ့အခါ ဟိုးးအရင်လိုပြန်ဖြစ်သွားမှာပဲမလား။ဒီလိုမျိုး သံယောဇဉ်တွေ ဖြစ်လာလိမ့်မယ်လို့သာ ကြိုသိခဲ့ရင် သူဒီအလောင်းအစားစာချုပ်ကို သဘောတူခဲ့မည်မဟုတ်ပေ။သို့ပေသည့် အခုချိန်မှတော့ အရာအားလုံးဟာ နောက်ပြန်လှည့်လို့ရတော့မည်မဟုတ်ပေ။

အခုချိန်မှာ သူ့ဘက်ကသာသံယောဇဉ်ထက်ပိုကာ အဲ့ဒီကောင်လေးအပေါ် မေတ္တာရှိနေခဲ့ပေမဲ့ အဲ့ဒီကောင်လေးကတော့ သူ့လိုခံစားရမည်မဟုတ်ပေ။အဲ့ဒီလို စဉ်းစားလိုက်တိုင်းလည်း သူ့ရင်တွေနာရပါသည်။

Full houseTempat cerita menjadi hidup. Temukan sekarang