💚❤️Full House🏠 Ep14

1.1K 124 5
                                    

Unicode💚❤️💚❤️

XiaoZhanတစ်ယောက် ကျင်းကော်လေးကိုအိမ်မှာထားခဲ့ပြီး ချိန်းထားတဲ့နေရာသို့ထွက်လာခဲ့သည်။ဆိုင်တစ်ဆိုင်ရောက်တော့ အမျိုးသမီးတစ်ယောက်ထိုင်နေသည့်စားပွဲဝိုင်းသို့ ဝင်ထိုင်လိုက်သည်။

"ရောက်နေတာ ကြာပြီလားအမ ကျွန်တော်နည်းနည်းနောက်ကျသွားတယ်"

"ခုနလေးတင်ရောက်တာပါ လာလေထိုင်"

"ဟုတ်ကဲ့အမ ကျွန်တော့်ကိုချိန်းတာ ဘာကိစ္စများလဲမသိဘူး"

"အင်း စာအုပ်ထုတ်ဖို့ကိစ္စဆွေးနွေးချင်လို့ပါ"

XiaoZhanပျော်သွားကာ

"တကယ်လားအမ ကျွန်တော့်အိမ်မှာအကြမ်း‌ရေးထားတာတွေအများကြီးပဲ ယူလာပြမယ်လေ ဒီနေ့တော့ပါမလာဘူး"

"ရပါတယ် အမရေးစေချင်တဲ့ဇာတ်လမ်းက မင်းနဲ့Yiboတွေ့ဆုံခဲ့တဲ့အကြောင်းလေးပါ"

"ဗျာ"

"ဟုတ်တယ် အမက အဲ့အကြောင်းကိုစာအုပ်ထုတ်ပေးမှာလေ ဘယ်လိုလဲ"

"ဟုတ် ကျွန်တော်မ‌ရေးပေးနိုင်လောက်ဘူးထင်တယ်ဗျ"

"ဘာလို့လဲ သေချာပြန်စဉ်းစားပါဦး Yiboရဲ့အမျိုးသားက သူတို့ရဲ့တွေ့ဆုံပုံကို manhua‌ရေးရင် အရမ်းနာမည်ကြီးသွားမှာ"

"XiaoZhanမသက်မသာပြုံးလိုက်ကာ
ဟုတ်ကဲ့ ကျွန်တော်စဉ်းစားကြည့်လိုက်ပါ့မယ်"

"ဟုတ်ပါပြီ"

"အဲ့တာဆို ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး"

XiaoZhanအိမ်တန်းမပြန်သေးဘဲ လမ်းဘေးကခုံတန်းလေးပေါ်ထိုင်ချလိုက်သည်။

""ဟူးး
လူတွေကလည်းခက်လိုက်တာ အရင်ကငါmanhuaတွေလာပြတုန်းကကျ နည်းနည်းတောင်စိတ်မဝင်စားခဲ့ပဲနဲ့ အခုလိုYiboနဲ့လက်ထပ်ပြီးမှ ငါ့ကိုလာကပ်နေတယ်"

XiaoZhan‌ အသက်မဲ့စွာ ထိုင်နေမိသည်။သူပြောတဲ့အဲ့ပန်းချီကို XiaoZhanမဆွဲပေးနိုင်ပါ။ဘာဆက်လုပ်ရမလဲစဉ်းစားနေစဉ် တစ်စုံတစ်ယောက်ကိုသတိရလိုက်မိသည်။

XiaoZhanအိတ်ထဲက လိပ်စာကဒ်တစ်ခုကိုထုတ်လိုက်ကာ မျှော်လင့်ချက်အပြည့်နဲ့ ထလိုက်လေသည်။

Full houseWhere stories live. Discover now