💚❤️Full House🏠 Ep12

1.2K 124 7
                                    

Unicode💚❤️💚❤️

"အာ့ အားး အမေရေသေပါပြီ ခွေးစုတ်လေး ဘာလို့အားနဲ့လုပ်လိုက်တာလဲ အမေရေ ပြဲပါပြီ"

Yiboစက်ဘီးအားလိုက်ထိန်းပေးနေရာမှ အားထည့်ကာတွန်းလွှတ်လိုက်ပြီး ဖုန်းပြန်ဖြေရန်ကိုင်လိုက်သော်လည်း ဖုန်းကကျသွားချေပြီ။မိမိတွန်းလိုက်သောကြောင့် အရှိန်မထိန်းနိုင်ပဲ XiaoZhanတစ်ယောက် သစ်ပင်အားဝင်အောင်းလေးတော့သည်။

"အာ့ သေပါပြီ"

Yiboလည်းမရည်ရွယ်ဘဲဖြစ်သွားသည်မို့ စိတ်ပူသွားကာ XiaoZhanထံအမြန်ပြေးသွားမိသည်။

XiaoZhanက ဘောင်းဘီဒူးဖုံးဝတ်ထားတာကြောင့် ဒူးပြဲသွားသည်။သူ့ဒူးလေးကို လက်ကလေးနဲ့ဖိကာ နာကျင်၍ရှုံ့မဲ့နေသော XiaoZhanရဲ့မျက်နှာလေးမှာ တကယ့်ကလေးတ‌စ်ယောက်ကဲ့သို့ ဖြူစင်လွန်းပြီးချစ်ဖို့ကောင်းလှသည်။

Yibo XiaoZhanရဲ့ခြေထောက်ကိုဆွဲလိုက်ကာ ဒူးဒဏ်ရာကိုကြည့်လိုက်သည်။ဒဏ်ရာကအကြီးကြီးမဟုတ်သော်လည်း သွေးစများပင်ထွက်နေသည်။

"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်မရည်ရွယ်ပါဘူး Zhan ge ကျွန်တော်တောင်းပန်ပါတယ်"

XiaoZhanမှင်သက်စွာ Yiboအားကြည့်နေမိသည်။ဒီကောင်လေးက ငါ့ကိုစိတ်ပူတယ်တဲ့လား။ဒီကောင်လေးက ငါ့ကိုZhan geလို့ခေါ်လိုက်တယ်တဲ့လား။Yiboကတော့ ဘာမှမတွေးအားသေးပဲ ရေဘူးအမြန်သွားယူကာ XiaoZhanဒဏ်ရာအား ရေဖြင့်ညင်သာစွာဆေးကြောပေးနေသည်။

"ဆေးမရှိတော့ ရေနဲ့ပဲဆေးပြီး တစ်ခုခုနဲ့စည်းထားရမယ်"

Yiboပြောရင်းနဲ့ သူ့လည်ပင်မှာစည်းထားတဲ့ပုဝါကို XiaoZhanဒူးမှာစည်းနှောင်ပေးလိုက်သည်။

ဒီကောင်လေးက သူ့ပစ္စည်းကိုဘယ်သူမှထိတာမကြိုက်ဘူးလေ။XiaoZhanရင်ထဲ လှိုင်းတစ်ချို့ဖြတ်ပြေးသွားရသည်။

Yiboအားလုံးပြီးသွားတော့ ခေါင်းပြန်မော့လာသည့်အချိန် XiaoZhanကသူ့အားကြည့်နေသည်နှင့်တိုးလေသည်။

*တစ်စက္ကန့်၊နှစ်စက္ကန့်၊သုံးစက္ကန့်၊လေးစက္ကန့်၊ငါးစက္ကန့်.......*

နှစ်ယောက်သား အကြည့်ချင်းဆုံနေမိတာ ဘယ်လောက်ကြာသွားသလဲမသိ။XiaoZhanကပဲအကြည့်စလွှဲလိုက်ရသည်။
*ဘာလို့ နှလုံးခုန်နှုန်းတွေမြန်နေတာလဲ *

Full houseOnde histórias criam vida. Descubra agora