💚♥️Full House 🏠 Ep26

1.7K 80 13
                                    

#Unicode💚♥️💚♥️

"...တကယ်ကိုပဲ..သူက..ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်...."

ရှောင်ကျန့်နှလုံးခုန်သံတွေ မြန်လာသည်မို့ ရိပေါ်ထံမှအကြည့်တို့လွှဲလိုက်သည်။ရှင်းရီတစ်ယောက်ကတော့ ရိပေါ်စကားတွေကြားပြီး မျက်နှာမှာ ပို၍ပို၍သုန်မှုန်လာတော့သည်။ယခု သူမရဲ့ပုံစံမှာ ကြည့်ရအလွန်ဆိုးလှပေသည်။

CUT!!

ရိပေါ် ဒါရိုက်တာရှိရာသွားပြီး အဆင်ပြေမပြေ မေးမြန်းနေသည်။ကျိုးချန်က ရှောင်ကျန့်အား နေ့လည်စာစားရန် ခေါ်သွားလေပြီ။ရှင်းရီ ရိပေါ်ဆီသွားလိုက်ပြီး

"ရိပေါ်.. တို့အရင်ပြန်နှင့်တော့မယ်နော် အဝတ်အစားကိစ္စအတွက် တို့လက်ထောက်ကိုထားပေးခဲ့မယ်"

"ဟင်.. ပြန်တော့မလို့လား"

"အင်း နည်းနည်းနေလို့မကောင်းလို့ တို့သွားပြီနော် "
{{🤪ဘယ်နေကောင်းပါ့မလဲ ဂျယ်လီတွေအတုံးလိုက်မြိုချထားရတာဆိုတော့လေ ကြွကြွမြန်မြန်ကြွ🤪}}

သူ့အားနှုတ်ဆက်ကာ ထွက်သွားသော ရှင်းရီအား ရိပေါ် အရင်လိုဆွဲမထားဖြစ်တော့ပေ။

တစ်ဖက်တွင်တော့ ကျိုးချန်က ရှောင်ကျန့်အားနေ့လည်စာပြင်ပေးနေသည်။

"ရှောင်ကျန့်ကော အရင်စားနှင့်နော် ရိပေါ်က ဒါရိုက်တာနဲ့လုပ်စရာတွေရှိသေးတယ်"

"အင်း"

"ဒါနဲ့ ရိပေါ်ခွေးကောင်က ရှောင်ကျန့်ကောကို တော်တော်ချစ်တယ်ထင်တယ်"

"အမ်... အဲ့လောက်လည်းမဟုတ်ပါဘူး"

"ဘာလို့လဲ ကျွန်တော် အဲ့ကောင်ကိုသိလာတာ တော်တော်ကြာပြီရယ် အဲ့ကောင်ပါးစပ်က ဇာတ်လမ်းကလွဲပြီး ကျန်တာ ရှည်ရှည်ဝေးဝေး အပိုတွေပြောတတ်တာမဟုတ်ဘူး"

"ဟမ် .... တကယ်ပြောနေတာလား"

စောစောကတည်းက အခုန်မြန်နေသော ရှောင်ကျန့်နှလုံးသားလေးမှာ ပို၍ပို၍အခုန်မြန်လာရသည်။

            **********************

ရေခဲမုန့်ကြော်ညာက ကိုရီးယားမှာရိုက်မည်မို့ နောက်တစ်နေ့တွင် ကိုရီးယားသွားရသည်။သူတို့နှစ်ယောက်အတွက် ဒုတိယဟန်းနီးမွန်းဟုလည်း ပြော၍ရပေသည်....။ရိုက်ကူးရေးကနောက်တစ်ရက်မှစမည်မို့ ရောက်ရောက်ချင်း ချောင်ဒေါ့ဂျွန်အိမ်ရာသွားပြီး အနားယူဖြစ်သည်။ရိပေါ်အိမ်ရှေ့မှာ မြားပစ်နေရင်း မြင်ကွင်းထဲဝင်လာသည့်တစ်စုံတစ်ရာ.........။ကိုးရီးယားရိုးရာဝတ်စုံဝတ်ကာ ငြိမ်သက်အေးဆေးစွာ အခန်းဖဲကလှမ်းထွက်လာသည့် ရှောင်ကျန့်အား ရိပေါ်တမေ့တမောငေးနေမိသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 04, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Full houseDonde viven las historias. Descúbrelo ahora