💚❤️Full House 🏠 Ep2

2.4K 176 6
                                    

Unicode🌸🌸🌸

Yibo Korea မသွားခင် တစ်နာရီလောက်အလိုတွင် တစ်နေရာကိုထွက်လာခဲ့တယ်။

ကားရပ်ပြီးနောက်မဆင်းသေးဘဲ ဆိုင်တစ်ခုထဲသို့လှမ်းကြည့်လိုက်ပြီးမှ ဖုန်းနံပါတ်တစ်ခုကိုဆက်လိုက်တယ်။

"Hello Shin Yi,အလုပ်များနေလား ခဏလောက်တွေ့လို့ရမလား"

"Arr Yiboလား ငါမအားဘူး အရေးကြီးကိစ္စရှိလို့လား"

"Arr ဟုတ်လား အရေးမကြီးပါဘူး ထားလိုက်ပါတော့"

Yiboလည်းဖုန်းချပြီးနောက် ဆိုင်ထဲကို တစ်ခဏလောက်ကြည့်နေမိပြီး အတိတ်ကိုပြန်တွေးနေမိတယ်။

ShinYi . ShinYiဆိုတာ Yiboမူလတန်းကတည်းကပေါင်းလာတဲ့သူငယ်ချင်း။တစ်နည်းအားဖြင့် Yibo ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ ငယ်သူငယ်ချင်းမလေး။ShinYiကYiboဆိုရင် သိပ်နိုင်တာ။အခုချိန်ထိလည်း Yiboကသူ့ကိုချစ်နေတယ်ဆိုတာ မသိသေးဘူးလေ။

"ဟူးးးး"

Yibo သက်ပြင်းချလိုက်ရင်း လေယာဉ်ချိန်နီးနေပြီမို့ အတွေးတို့လက်စသတ်ကာ အမြန်ထွက်လာခဲ့လိုက်တယ်။

🌸🌸🌸

Xiao Zhan တစ်ယောက် ပထမဦးဆုံးလေယာဉ်စီးဖူးတာမို့ တော်တော်လေးကို စိတ်လှုပ်ရှားမိနေတယ်။ပြတင်းပေါက်ဘေးက ခုံမှာလူမရှိတာနဲ့ ခုံပြောင်းထိုင်ပြီးလေယာဉ်ပြတင်းပေါက်ကနေ လျှောက်ကြည့်နေစဉ်

"Excuse me"

အသံကြားလို့ XiaoZhan လှည့်ကြည့်လိုက်တော့ သူ့ထက်ငယ်မည်ထင်ရတဲ့ ကောင်လေးတစ်ယောက်

"Excuse me, This is my seat"

"ဟမ် aww ဟုတ်ကဲ့ စိတ်မရှိပါနဲ့"

XiaoZhanလည်း နေရာဖယ်ပေးပြီးကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်တယ်။XiaoZhan ပြတင်း‌ပေါက်အပြင်ကိုကြည့်ချင်တာကြောင့် မနေနိုင်ဘဲ သူ့ဘေးကကောင်လေးကိုကျော်ကာလှမ်းကြည့်တော့

"ဟာ စိတ်ရှုပ်စရာကောင်းလိုက်တာကွာ"

Yiboတစ်ယောက် ပွစိပွစိညည်းလိုက်လေသည်။သူပြောတာကို ဟိုကလေးလိုလို လူကြီးပေါက်စလိုလိုလူက ကြားသွားတယ်ထင်ပါရဲ့

Full houseМесто, где живут истории. Откройте их для себя