💚❤️Full House 🏠 Ep11

1.3K 133 10
                                    

Unicode💚❤️💚❤️

မနက်ခင်းရောက်တော့ XiaoZhanတစ်ယောက်အိပ်မှုန်စုံမွားဖြင့် နှိုးလာသည်။မျက်နှာသစ်ရန် သဘက်ကိုပုခုံးပေါ်တင်ပြီး ရေချိုးခန်းစီသို့ထွက်လာခဲ့သည်။

ရေချိုးခန်းတံခါးကိုဖွင့်လိုက်တာနဲ့မြင်လိုက်ရတဲ့အရာကြောင့် XiaoZhanကြောင်ကြောင်လေးရပ်နေမိသည်။

*နေပါဦး အဲ့တာဘာကြီးလဲ ရှည်ရှည်မျောမျောနဲ့ တုတ်လည်းတုတ်တယ် ငှက်ပျောသီးကြီးလား ငှက်ပျောသီးအစိမ်းကြီးလား* XiaoZhanသေသေချာချာကို စိုက်ကြည့်ရင်း အဖြေထုတ်နေမိသည်။*ငှက်ပျောသီးမဖြစ်နိုင်ပါဘူး ဘေးနားမှာဥလိုလို ဘာလိုလိုအလုံးလေးနှစ်လုံးလည်းပါသေးတယ် ဘာဖြစ်နိုင်မလဲ စဉ်းစားစမ်း*

XiaoZhanဘယ်လိုမှစဉ်းစားမရသည့်မဆုံး မျက်လုံးနှစ်ဖက်ကို လက်နဲ့ပွတ်ပြီး သေချာပြန်ကြည့်လိုက်ရာ မြင်လိုက်ရတဲ့အရာကြောင့် မျက်လုံးပြူးသွားမိသည်။

"အားးးးးးးးးးးးး!!"

Yibo မျက်လုံးမှိတ်ကာ ခေါင်းလျှော်နေရင်း XiaoZhanအော်သံကြားလို့ အမြန်မျက်လုံးဖွင့်ကြည့်မိတော့ ရေချိုးခန်းတံခါးဝမှာနောက်ကျောပေးပြီး တအားအားနဲ့ အော်နေပါသော ယုန်ပေါက်။Yiboလည်း ကြောင်တောင်တောင်နဲ့ရပ်ကြည့်နေပြီးမှ ကိုယ့်ကိုကိုယ်သတိရသွားပြီး
လန့်ကာအော်မိလေတော့သည်။

"အားးးးးးးးး!!" Yiboသဘက်ကိုအမြန်ဆွဲကာပတ်လိုက်ပြီးမှ

"ယုန်ပေါက် ဘာ ဘာလို့သူများရေချိုးနေတာကို ခိုးကြည့်တာလဲ"

XiaoZhanကျောပေးလျက်သားပင် အလန့်တကြားနဲ့

"ငါ ငါ ဘယ်မှာခိုးကြည့်လို့လဲ မင်းက ဘာလို့တံခါးကိုလော့မချထားတာလဲ"

"အဲ့တာက ကျွန်တော်မေ့သွားလို့
အဟမ်း မြင်လိုက်သေးလား"

XiaoZhanမျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကာ အယောင်ယောင်အမှားမှားနဲ့

"ဘာ ဘာ ဘာကိုမြင်ရမှာလဲ ငါ ဘာမှမမြင် မြင်ဘူးရယ်"

XiaoZhanပြောနေရင်းပင် ဟိုငှက်ပြောသီးကိုမျက်လုံးထဲပြန်မြင်လာသဖြင့် မျက်နှာပူလာကာ

Full houseDonde viven las historias. Descúbrelo ahora