💚♥️Full House 🏠 Ep25

621 64 5
                                    

#Unicode💚♥️💚♥️

နှစ်ယောက်သားအိမ်ပြန်ရောက်တော့ ကျင်းကော်က ဧည့်ခန်းထဲမှာမိန့်မိန့်ကြီးထိုင်နေသည်။ကျင်းကော်က အိမ်သိပ်မကပ်ဘဲ လျှောက်သွားနေသည်ကများသည်မို့ အိမ်မှာမရှိတာတောင် တော်တော်ကြာနေပြီဖြစ်သည်။ထို့ကြောင့် ရှောင်ကျန့်မှာ ကျင်းကော်ကိုမြင်မြင်ချင်း အလွမ်းပိုကာ ပြေးပွေ့တော့သည်။

"ကျင်းကော်လေး ဖေ့သမီးလေး ဘယ်တွေလျှောက်သွားနေတာလဲဟင်"

ဧည့်ခန်းထဲမှာ ကျင်းကော်နှင့်အလွမ်းသယ်နေသော ရှောင်ကျန့်အား ရိပေါ်တစ်ယောက် ပြုံးကာရပ်ကြည့်နေမိသည်။ထိုစဉ် ဘောင်းဘီအိတ်ကပ်ထဲရှိ ဖုန်းကတုန်ခါလာသည်မို့ ရှောင်ကျန့်ထံမှအကြည့်လွှဲကာ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို.. အင်း.. ရှင်းရီပြောလေ"

တဖက်မှရှင်းရီအသံက ချွဲပျစ်ပျစ်။

"ရိပေါ်.. မနက်ဖြန်အချိန်ရရင် ညစာသွားစားကြရအောင်လေ"

"အာ..မနက်ဖြန်တော့မအားဘူး ကြော်ညာအင်တာဗျူးတစ်ခုရှိတယ်"

"ဟယ် ဟုတ်လား တို့ကိုဘာလို့မပြောတာလဲ
မနက်ဖြန်တို့လာခဲ့မယ်နော် ရိ‌ပေါ်အတွက်အဝတ်အစားပြင်ပေးဖို့လေ"

"အာ..ရတယ်ရှင်းရီရဲ့ ကျန်းချန်ကပြင်ထားပြီးသား"

တကယ်တမ်းကျတော့ ရှောင်ကျန့်ရောရိုက်ကူးရေးမှာပါသည်မို့ အခက်မတွေ့ရအောင် ရှင်းရီကိုမလာစေချင်တာဖြစ်သည်။သို့သော် ရှင်းရီကဘယ်လိုမှပြောမရ..။

"အို.. ကျန်းချန်ကဘယ်လိုလုပ်ပြီး ဖက်ရှင်အမြင်ရှိမှာလဲ... တို့မနက်ဖြန်ကျရင်လာခဲ့မယ်.. ဒါပဲနော်"

"အဲ့ အဲ့တာက ရှောင်ကျန့်ရော....."

ရိပေါ်မှာ စကားဆုံးအောင်ပင်မပြောလိုက်ရ..။ရှင်းရီမှာဖုန်းချသွားပြီဖြစ်သည်။ဧည့်ခန်းထဲမှာ ကျင်းကော်နှင့်တီတီတာတာအလုပ်ရှုပ်နေသော ရှောင်ကျန့်အား လှမ်းကြည့်ကာ ရိပေါ်တစ်ယောက် သက်ပြင်းသာအကြိမ်ကြိမ်ချမိတော့သည်။

*************************

"ဟို.. ဟိုလေ မိတ်ကပ်တွေတအားအများကြီး မလိမ်းနဲ့နော် ကျွန်တော်မနေတတ်လို့"

Full houseDove le storie prendono vita. Scoprilo ora