💚❤️Full House🏠Ep15

1.1K 110 11
                                    

Unicode💚❤️💚❤️

"Zhan ge"

Yiboအော်သံကြားတော့ XiaoZhanပျာပျာသလဲနဲ့ရောက်လာသည်။

"Yiboဘာလိုချင်လို့လဲ"

"ဟီးး အသီးစားချင်လို့"

"ဟုတ်ပြီ သွားခွဲခဲ့မယ်နော်"

"Zhan ge"

"လာပြီလာပြီ"

"ဖျော်ရည်သောက်ချင်လို့"

"Zhan ge"

"ဟမ် ဘာလိုသေးလို့လဲဟင်"

"ပျင်းလာလို့"

Yiboတစ်ယောက် စောစောက XiaoZhanက သူ့ကြောင့်ဖြစ်ရတာမို့ အကုန်တာဝန်ယူမယ်ပြောသောကြောင့် အကျင့်ယုတ်နေခြင်းပင်။
XiaoZhanမှာအလုပ်တစ်ခုကို‌ပင်ဖြောင့်ဖြောင့်မလုပ်ရ။အိမ်ထဲတွင်ပတ်ပြေးနေရသည်မှာ အမောပင်စို့တော့မည်။

"Zhan ge"

"ဟမ် ဘာ~လဲ~ဟင်~"
XiaoZhanမှာ စကားကိုတောင်ဖြောင့်ဖြောင့်မပြောနိုင်တော့

Yibo စပ်ဖြီးဖြီးမျက်နှာဖြင့်

"ဒီမှာ ပင့်ကူအိမ်တွေ သန့်ရှင်းရေးလုပ်လိုက်ဦး"

"ဟမ် ခဏနော်"

XiaoZhanတစ်နေရာသို့အပြေးသွားလိုက်ပြီး ပြန်လာကာ ကြက်မွေးရှည်တစ်ချောင်း Yiboအားပစ်ပေးလိုက်သည်။

Yiboကြောင်သွားကာ

"ဒါဘာလုပ်ဖို့လဲ"

"Aww မင်းပဲပင့်ကူအိမ်တွေဆို အဲ့တော့ ခြေထောက်ကလဲလှုပ်မရတာကြောင့် ဒီမှာထိုင်နေရမယ်အတူတူ မပျင်းအောင် သန့်ရှင်းရေးလုပ်လေ ငါအခုထိနေ့လည်စာမချက်ရသေးဘူး"

XiaoZhanပြောပြီး မီးဖိုခန်းထဲဝင်သွားလေသည်။

Yiboတစ်ယောက် သူ့ရှုးသူ့ပြန်ပတ်သောကြောင့် မခံမရပ်နိုင်နဲ့ကြက်မွေးကိုသာ‌လွှင့်ပစ်လိုက်သည်။

"Zhan ge Zhan ge ယုန်ပေါက်ရေ ယုန်ပေါက်လို့ "

XiaoZhanသက်ပြင်းသာချပြီး Yiboရှိရာသို့သာပြေးရတော့သည်။

"ဒီတစ်ခါရော ဘာဖြစ်ပြန်ပြီလဲဟင်"

"ဟီးး အပေါ့သွားချင်လို့"

"အဲ့တာများ သွားလေ"

"မဟုတ်ဘူးလေ ကျွန်တော်မှမသွားနိုင်တာ ကျွန်တော့်ကိုတွဲပို့"

Full houseOù les histoires vivent. Découvrez maintenant