💚❤️Full House🏠 Ep3

1.7K 152 7
                                    

Unicode 🌺🌺🌺

Yiboတစ်ယောက် အင်တာဗျူးလုပ်နေရတာနဲ့ကို အချိန်တွေ တော်တော်ကုန်သွားတယ်။
ညနေစောင်းလောက်မှ အလုပ်တွေအကုန်ပြီးသွားတယ်။ပင်ပန်းတာနဲ့ ဆိုဖာပေါ် ပစ်လဲချပြီးအနားယူနေစဉ်

"ring ring ring"ဖုန်းဝင်လာလို့ ကြည့်လို့တော့ Xiao Ming ge

"Hello Xiao Ming ge"

"Yibo မင်း koreaရောက်နေတယ်ဆို
အဆင်ပြေရင် ညစာအတူစားကြမလား"

"Ok ရတယ်လေ အဲ့ဒါဆိုခဏနေမှတွေ့မယ်နော်"

Yiboရယ် Xiao Mingရယ် Shin Yiရယ်က
သူငယ်ချင်းတွေလေ။Xiao Mingက Yiboနဲ့ Shin Yiထက် အသက်နည်းနည်းပိုကြီးတာကြောင့် အစ်ကိုတစ်ယောက်လို့ဆက်ဆံကြသည်။

တကယ်တော့ Shin Yiက Xiao Ming geကိုသဘောကျနေတာလေ။ဒါကို Yiboသိပေမဲ့လည်း ဘာမှမပြော တကယ်တော့ ဘာမှပြောခွင့်မရှိဘူးဆို ပိုမှန်မည်။ပြီးတော့ Xiao Mingက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်။

At Hotel Restaurant

"လာ Xiao Ming ge"

"ရောက်နေတာကြာပြီလား Yibo "

"Omm သိပ်မကြာသေးပါဘူး"

"ဟုတ်လား koreaလာရတာဘယ်လိုလဲ အလုပ်ကိစ္စတွေရော အဆင်ပြေရဲ့လား"

"ပြေပါတယ် အစ်ကိုရော ရည်းစားတွေဘာတွေများရနေပြီလား"

Yiboမေးတော့ Xiao Ming ပြုံးသာပြုံးနေလိုက်သည်။။

Xiao Mingကဘာမှပြန်မပြောတော့ Yiboကထပ်မေးလိုက်သည်။
"Two?? Three?? Threesome??"လက်သုံးချောင်းထောင်ကာ ရယ်ရင်းအော်ပြောလိုက်တော့

"အဟား ဘယ်ကလာThreesomeရမှာလဲ မဟုတ်ပါဘူး" Xiao Ming စကားကိုရပ်ထားပြီးမှ ဆက်ပြောလိုက်သည်။

"တကယ်တော့ ကောင်လေးတစ်ယောက်ရှိတယ် အရပ်ရှည်ရှည် ၊ပိန်ပိန်ပါးပါးလေးနဲ့ ရယ်လိုက်ရင်အရမ်းချစ်ဖို့ကောင်းတယ်"Xiao Ming ပြုံးကာပြောတော့

"Woww koreaကောင်လေးလား တွေ့တာကြာပြီလား" Yiboမေးလိုက်တော့

"မဟုတ်ဘူး သူကတရုတ်ပဲ တကယ်တော့ ဒီနေ့နေ့လည်ကမှတွေ့တာပါ နောက်နှစ်ရက် သုံးရက်လောက်နေရင် ပြန်မယ်ထင်တယ်"

"ဟုတ်လား ဒါနဲ့ အစ်ကိုရော China ကိုပြန်ဖို့ စိတ်ကူးမရှိသေးဘူးလား"

Full houseDonde viven las historias. Descúbrelo ahora