💚❤️ Full House 🏠 Ep10

1.3K 119 13
                                    

Unicode💚❤️💚❤️

လွန်ခဲ့သော တစ်နာရီခန့်က Yiboအဝတ်အစားလှဲနေစဉ် အခန်းထဲသို့ ShinYiဝင်လာသည်။

Yibo ShinYiဝင်လာတာသိသော်လည်း မသိချင်ယောင်သာဆောင်နေသည်။

"Yibo နင်ငါ့ကိုစိတ်ဆိုးနေတာလားဟင်"

"*******"

"Yibo ငါ့ကိုစကားလေးတော့ပြန်ပြောပါဦး"

"***********"

"Yibo ငါတောင်းပန်ပါတယ်ဟာ နင်စိတ်ဆိုးအောင်လုပ်မိတဲ့အတွက်"

Yiboသက်ပြင်းဖွဖွချလိုက်ပြီး ShinYiဘက်လှည့်ကာ

"ငါမင်းကိုစိတ်မဆိုးပါဘူး"

"အဲ့ဒါဆို ဘာလို့ငါဖုန်းဆက်ရင်ပြန်မဖြေရတာလဲ"

"ဒီအတိုင်း ငါအလုပ်တွေရှုပ်နေလို့ပါ"
Yiboမျက်နှာက အမူအရာကင်းမဲ့လျက်

'နင်တကယ် ငါ့ကိုစိတ်မဆိုးဘူးနော်"

"အင်း"

"အဲ့ဒါဆို နင်ငါ့ကိုပစ်မထားပါနဲ့ဟာ နင်ကငါ့နဲ့လည်းအဆက်အသွယ်မလုပ်၊အရင်လိုလည်း ငါ့ဆီမလာတော့ ငါ့စိတ်ထဲမနေတတ်ဘူး တစ်ခုခုလိုနေသလိုပဲ"

"‌ဒီနောက်ပိုင်း မင်းနဲ့ငါနဲ့ ဘာမှပတ်သက်စရာမရှိတော့ဘူး ပြီးတော့ငါကလည်းအိမ်ထောင်သည်ဖြစ်တော့မှာ အပြင်မှာတွေ့စရာလည်းအကြောင်းမရှိဘူး"

"Yibo ဘာလို့"

"သွားပါတော့ မင်္ဂလာအချိန်လည်းရောက်တော့မှာ"

"ကောင်းပါပြီ"
ShinYi မျက်နှာငယ်လေးနဲ့ အခန်းပြင်ထွက်သွားတော့မှ Yiboသက်ပြင်းချမိသည်။

Yiboကိုယ့်စိတ်ကိုသိသည်။ShinYiကိုအခုချိန်ထိချစ်နေသေးတယ်ဆိုတာ။ဒါပေမဲ့ ဟိုတစ်ခေါက် ShinYiရဲ့အပြုအမူက အရမ်းကိုအသိတရားကင်းမဲ့လွန်းတယ်။ဒါကြောင့်လည်း ShinYiကိုစိတ်ပျက်မိတယ်။ဒါပေမဲ့ မုန်းတော့မမုန်းပါဘူး။အခုလို XiaoZhanနဲ့လက်ထပ်ဖို့ဖြစ်လာပြီး သူလည်းအိမ်ထောင်သည်ဖြစ်တော့မဲ့အချိန်မှာ ShinYiနဲ့ကင်းကင်းရှင်းရှင်းနေတာက နှစ်ယောက်လုံးအတွက်ပိုကောင်းမည်ဟုတွေးမိ၍ ShinYiနဲ့အဆက်အသွယ်ဖြတ်ခဲ့ခြင်းပင်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

လေဆိပ်တွင်

"Yiboတို့အခု ဟန်နီးမွန်းကို ဘယ်ကိုသွားဖို့စီစဉ်ထားပါသလဲ"

Full houseTempat cerita menjadi hidup. Temukan sekarang