(Unicode)
"လူတွေကသိပ်ကိုအပြောင်းအလဲမြန်တာပဲဂျွန်" ထယ်ယောင်းသည် အနက်ရောင်ကုတ်အင်္ကျီဝတ်ထားသော ဂျုံးဂုရဲ့ကျောပြင်အားကြည့်ရင်း စိတ်ထဲတွင်ပြောလိုက်လေသည်။ သူ့ခြေလှမ်းတွေဟာ အခုန်မြန်နေသောနှလုံးသားနှင့်အတူ တုန်ရီလို့နေသည်။
ခြေလှမ်းတွေမှန်အောင်လျှောက်နေရင်း အလွန်ချမ်းအေးသောရာသီဥတုကြောင့် သူ့လက်တွေကိုအိတ်ကပ်ထဲအတင်းထိုးထည့်လိုက်ရ၏။ သို့ပေမယ့် ပိုလို့သာအေးစက်လာသလိုခံစားလာရသည်။ အကြောင်းမှာသူ့မျက်စိရှေ့တွင်မြင်နေရသောလက်ချင်းချိတ်လျှောက်နေကြသည့် ဂျုံးဂုတို့အတွဲကြောင့်ဖြစ်သည်။ သူ့ရဲ့တုန်ရီရီခြေလှမ်းတွေဟာ ထိုမြင်ကွင်းကြောင့်မလှုပ်ရှားနိုင်တော့ပဲ ရပ်တန့်လို့သွားခဲ့သည်။ အနွေးထည်အိတ်ကပ်ထဲ ထိုးထည့်ထားတဲ့သူ့ရဲ့အေးစက်စက်လက်ချောင်းတွေကိုထုတ်ကြည့်မိတဲ့အချိန် မျက်ရည်တွေဟာဝဲခနဲ။
" ငါတို့လက်တွေချွေးတွေရွှဲနေပြီ "
သူတို့နှစ်ယောက်လုံးလက်တွေကိုတင်းကျပ်အောင်ဆုပ်ကိုင်ထားကြ၍ ပူအိုက်သောနွေရာသီတွင်ချွေးများဖြင့်ရွှဲစိုနေလေပြီ ။ ထယ်ယောင်းသည်လက်ကိုဖြုတ်လိုက်ပြီး ချွေးစိုနေသောလက်ဖြင့် ဂျုံးဂုအင်္ကျီကိုသုတ်လိုက်သည် ။
" မင်းချွေးတွေ "
" ဟာ ဒါဆိုငါလည်းသုတ်မယ် "
ကလေးလည်းမဟုတ်ကြတော့ပါပဲ လက်ချင်းချိတ်လျှောက်ရင်း စိုစွတ်လာရသောချွေးတွေကိုတစ်ယောက်နှင့်တစ်ယောက်ပြန်သုတ်ခဲ့ကြသည် ။ ပြီးတော့လည်းသူတို့ရယ်မောရင်း လက်ချင်းချိတ်လျှောက်ကြပြန်သည် ။ ထိုအချိန်ကသူ့ဘဝမှာအပျော်ဆုံးအချိန်ဖြစ်ခဲ့ပြီး ဂျုံးဂုကိုလည်းသူ့ရဲ့ထာဝရဟုသတ်မှတ်ခဲ့ဖူးသည် ။
တီ တီ ~~
ထိုစဥ်နားထဲတိုးဝင်လာတဲ့အသံတစ်ခု။ အသံတွေကိုကြားနေပေမယ့် အတိတ်ကမှတ်ဉာဏ်တွေထဲမှာပဲပိတ်မိနေတုန်း ..။
" ထယ်ယောင်း !! "
အော်သံနှင့်အတူ သူ့လက်မောင်းတစ်ဖက်ကိုလှမ်းဆွဲခံရ၍ လူကလက်ရှိအခြေနေကိုပြန်ရောက်လာတော့သည် ။ ဂျုံးဂုသည်သူ့အားလှမ်းဆွဲလိုက်ခြင်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှလူတစ်ချို့သည်သူ့အားပြူးကြောင်ကြောင်ဖြင့်ဝိုင်းကြည့်နေကြသည် ။
YOU ARE READING
𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)
FanfictionThis book is intended for you JEON but I don't want you to read.This will be forever.