𝐹𝑜𝑟 𝑧𝑎𝑤𝑔𝑦𝑖
"ဝါး...ဟိုမှာ လိပ်ပြာလေးပဲ Jungkookie လာ သွားဖမ်းရအောင်"
"yeah! ရုပ်ဆိုးမ ။ နင့်ဘာသာ ဖမ်းပါလား။ ငါက ဘာလိုက်လုပ်ရမှာလဲ"
"နင်ကလဲ နင်က ငါ့ရဲ့ သတို့သားလောင်းပဲဟာ လိုက်ခဲ့ပါနော်"
"ဟာ...ရုပ်ဆိုးမ။ ငါက နင့်ကို ယူမယ်ပြောလို့လား။"
"ယူရမှာလေ။ ကြီးလာရင် နင်နဲ့ငါနဲ့ကို ပေးစားမှာတဲ့ ဒေါ်ဒေါ်က ပြောတယ်။"
"နင်ကသာ ယူချင်နေတာ။ ငါက မယူပါဘူး။ ငါ့မှာ ငါ့ Hyejinလေးရှိတယ်။"
"မရဘူး...Jungkookie. .။ Jungkookieက Hyejinကိုယူလို့မရဘူး ။Jungkookieက Jiminieအတွက်ပဲ အီး...ဟီး"
မြင်ကွင်းထဲမှာ ၅နှစ်အရွယ် ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်။ ကောင်မလေးကတော့ မျက်မှန်အဝိုင်းလေးကို တပ်ထားကာ နှုတ်ခမ်းလုံးလုံးလေးတွေကို ပိုင်ဆိုင်ထားပြီး မျက်လုံး မှေးမှေးဖြစ်ကာ ကောင်လေးကတော့ အရွယ်နဲ့ မလိုက်အောင်ကို ချောလွန်း၍ ကောင်မလေးနှင့်ဆန့်ကျင်ဘတ်ဖြစ်တဲ့ မျက်လုံးဝိုင်းများနှင့် နှုတ်ခမ်းပါးတစ်စုံကို ပိုင်ဆိုင်ထားသည်။
"ဟဲ့..ဟဲ့..သမီးလေး Jimin မငိုနဲ့တော့နော်။ Jungkook နင်ဘာလုပ်လိုက်ပြန်ပြီလဲ။"
"ဘာမှမလုပ်ပါဘူး။ သူကပြောတယ်။ ကြီးလာရင် သားကို ယူမှာတဲ့။ အဲ့တာ မယူဘူးလို့ ငြင်းလိုက်တာ။"
Jungkookရဲ့ စကားကြောင့် လူကြီးတွေမှာ ရယ်ရခက် ငိုရခက်။
"Jungkookရဲ့ သူငယ်ချင်းကို အဲ့လို မပြောရဘူးလေကွယ်"
"သားမှ သူ့ကို မကြိုက်တာ။ သူက ရုပ်ဆိုးတယ်လေ။ သားက Hyejinလေးကိုပဲ ချစ်တာ။"
"Jungkook နင် ပါးစပ်ပိတ်ပြီး အိမ်ထဲဝင်လိုက်တော့။ကိုယ့်အိမ်လာတဲ့ သူငယ်ချင်းကို ခုလို ဆက်ဆံစရာလား"
"Nae omma နောက်မလုပ်တော့ပါဘူး"
Jungkook အိမ်ထဲ ဝင်သွားတော့မှ
"Jiminလေးတို့ မေမေရယ် အားနာလိုက်တာ ဘယ်လိုလုပ်ရမလဲ။ သားက ငယ်သေးလို့ ခုလိုတွေ Jiminလေးကို ဆက်ဆံနေတာပါ။"
YOU ARE READING
~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~
Romance▪𝙹𝚒𝚔𝚘𝚘𝚔 𝙺𝚘𝚘𝚔𝚖𝚒𝚗 ▪𝙽𝚘𝚛𝚖𝚊𝚕 𝙵𝚒𝚌𝚝𝚒𝚘𝚗 ▪𝙾𝚠𝚗 𝙲𝚛𝚎𝚊𝚝𝚒𝚘𝚗 𝚂𝚝𝚊𝚛𝚝𝚎𝚍 𝚒𝚗-1.10.2020 𝙴𝚗𝚍𝚎𝚍 𝚒𝚗-2.12.2020 🔹1𝚜𝚝 𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 𝚏𝚒𝚌𝚝𝚒𝚘𝚗 𝚠𝚒𝚝𝚑 ⓶ 𝚎𝚡𝚝𝚛𝚊𝚜🔹 🍒𝚁𝚎𝚊𝚍 𝙵𝚘𝚛 𝙵𝚞𝚗🍒 #𝙵𝚒𝚌 𝚌𝚘𝚟�...