𝟮𝟬🍒

2.3K 206 6
                                    

𝐹𝑜𝑟 𝑢𝑛𝑖𝑐𝑜𝑑𝑒

"ကျစ်...လွှတ်...Jeon Jungkook"

Jungkookမှ Jiminကို မ ချီကာ ကားအနက်ထဲသို့ ခေါ်ထည့်နေလေသည်။ Jiminက ရုန်းနေပေမယ့် အားသန်တဲ့ Jungkookကြောင့် Jimin ရုန်းလည်း အားမဖြစ်ခဲ့။

Jungkookကားထဲရောက်တော့ Jimin ရုန်းနေသည့် ကြားကနေ ခါးပတ်ပတ်ပေးကာ လက်တစ်ဖက်ကလည်း Jiminကို ဖိထားပြီး တစ်ဖက်က ကားစမောင်းလေသည်။

"လွှတ်...ငါ ဆင်းမယ်"

"အကုန်လုံးသေကုန်လိမ့်မယ်။ ငြိမ်ငြိမ်နေ..."

" .... "

ထိုသို့အော်မှ နည်းနည်းငြိမ်ကျသွားလေသည်။ Jungkookတိုက်ခန်းကိုပဲ မြန်မြန်မောင်းထွက်လာခဲ့ပြီး တိုက်ခန်းနားအရောက် ထပ်ပြီး ဆန္ဒပြလာလေသော Jimin။

"ငါ နင့်နောက် မလိုက်ဘူး Jungkook။ ငါ့ကို မထိနဲ့"

"လာ..."

"လွှတ်!"

"ကျစ်..."

Jungkook Jiminရဲ့ ကိုယ်ကို ပွေ့ပြီး ပုခုံးထက်၌ တင်ကာ တိုက်ခန်းထဲသို့ ခေါ်ခဲ့ရသည်။ ဒါတောင် ပုခုံးပေါ်က အကောင်ပေါက်က အငြိမ်မနေနိုင်ဘူး။

အခန်းထဲက ကုတင်ပေါ်သို့ ဖြစ်သလိုသာ ပြစ်တင်​ပေးလိုက်သည်။ ပြီးတာနဲ့ တိုက်ခန်းတံခါးကို Jimin ပြန်ထွက်မပြေးအောင် Lock ခက်ရပါသေးသည်။

"နင်..ဘာလုပ်ဖို့လဲ"

လက်က နာရီကို ချွတ်နေသည့် Jungkookကို Jimin တုန်လှုပ်စွာမေးမိသည်။ Jungkookက ဘာအဖြေမှ ပြန်မလာပဲ ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။

Jimin ကုတင်ထက်၌ပင် ထိုင်ငိုနေမိသည်။ သူကဖြင့် လက်ထပ်ရတော့မယ်။ ဒါကို ကိုယ့်ကို လာကစားနေတုန်း။ ယောက်ျားဆို ဘယ်ယောက်ျားမှ မကောင်းဘူး။

Jimin တစ်ခုကို သတိရပြီး အခွင့်အရေးရတာနဲ့ တံခါးဘက်ကို ပြေးကာ Lockနံပါတ်တို့ကို ဆက်တိုက်နှိက်တော့သည်။

တီတီတီတီ.....ဂျလောက်...

တံခါးက ပွင့်သွားတာမို့ Jimin အပြင်ကို ​အမြန်ထွက်ရန် ပြင်လိုက်ပေမယ့် နောက်ကနေ ေဆာင့်ဆွဲခြင်းခံလိုက်ရသည်ကြောင့် အပြင်ကို မရောက်ခဲ့။

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~Where stories live. Discover now